စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် ရာသီဥတုဆိုးဝါးနေ၍ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ် ရေကြောင်းခရီးစဉ်အချို့ ဖျက်သိမ်း


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 602

ရခိုင်တွင် ရာသီဥတုအခြေအနေ ဆိုးရွားနေသဖြင့် စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်ဘက်သို့ ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်းခရီးစဉ်ကို ဖျက်သိမ်းထားကြောင်း သိရသည်။

သြဂုတ် ၈ ရက်တွင်ပြေးဆွဲမည့် စစ်တွေ-မြေပုံ-တောင်ရှည်-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ် ခရီးစဉ်နှင့် သြဂုတ် ဂုတ် ၉ ရက်တွင်ပြေးဆွဲမည့် တောင်ကုတ်-ရမ်းဗြဲ-ကျောက်ဖြူ-တောင်ရှည်-မြေပုံ-စစ်တွေ ခရီးစဉ်တို့ကို ဖျက်သိမ်းထားခြင်းဖြစ်သည်ဟု ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ သိရသည်။

ဖျက်သိမ်းထားသည့်ခရီးစဉ်များအနက် သြဂုတ်လ ၈ ရက်တွင် ပြေးဆွဲမည့်ခရီးစဉ်ကို သြဂုတ်လ ၉ ရက်တွင်လည်းကောင်း၊ သြဂုတ် ၉ ရက်တွင် ပြေးဆွဲမည့်ခရီးစဉ်ကို သြဂုတ် ၁ဝ ရက်တွင် လည်းကောင်း ပြောင်းလဲပြေးဆွဲသွားမည်ဟုလည်း ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းက ဆိုသည်။

ယခုကဲ့သို့ တစ်ရက်ရပ်နားရခြင်းမှာ ပင်လယ်ပြင်အတွင်း လေပြင်းတိုက်ခတ်မှုများရှိနေသဖြင့် အန္တရာယ်ကင်းရှင်းစေရေးအတွက်ဖြစ်သည်ဟု အဆိုပါရေယာဉ်လိုင်းဝန်ထမ်းတစ်ဦးက နိရဉ္စရာကို ပြောသည်။



"ရာသီဥတု အခြေအနေမကောင်းလို့ တောင်ကုတ်ဘက်ကို တစ်ရက်နောက်ဆုတ်လိုက်တာပါ။ နောက်တစ်ရက်မှ ထွက်မှာပေါ့။ ကျန်တဲ့ဘက်တွေ အကုန်ထွက်ပါတယ်"ဟု ဆိုသည်။

လက်ရှိ ရခိုင်တွင် သြဂုတ် ၁ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် မြောက်ဦး၊ ကျောက်တော်၊ သံတွဲ၊ မင်းပြား၊ တောင်ကုတ် စသည့်မြို့နယ်အများအပြားတွင် မြစ်ရေတိုးမှုနှင့်အတူ ရေနစ်မြုပ်မှုများကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ ထောင်နှင့်ချီကာ ကုန်းမြင့်ဒေသများသို့ ရှောင်တိမ်းနေကြရကြောင်း သိရသည်။

ဆက်စပ် သတင်းများ