Preview

စစ်တွေကမ်းခြေတွင် အမည်မသိ မွတ်စလင်အမျိုးသမီးအလောင်း ၂ လောင်းတွေ့ရှိ

သြဂုတ် ၀၇/ ၂၀၂၃ | ကြည့်ရှုသူ :1448
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ဘာဆာရွာအနောက်ဘက်ကမ်းခြေ၌ အမည်မသိအမျိုးသမီးနှစ်ဦး၏ အလောင်းအား ယနေ့ဩဂုတ်လ ရ ရက်ညနေ ၄ နာရီခွဲအချိန်ကတွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

ယခုတွေ့ရှိခဲ့သည့်အလောင်းများမှာ မွတ်စလင်အမျိုးသမီးနှစ်ဦး၏အလောင်းဖြစ်ပြီး မည်သည့် ကျေးရွာမှ အမျိုးသမီးများဖြစ်သည်ကိုမသိရှိရသေးကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုသာဂီဖြိုးကနိရဥ္စရာသို့ပြောသည်။

" ကျွန်တော်တို့တွေ့ရတဲ့အလောင်းတွေကတော့ မွတ်စလင်အမျိုးသမီးတွေပါ။ ဘယ်သူဘယ်ဝါတွေ ဆိုတာတော့ မသိ၇သေးပါဘူး။"ဟု ကိုသာဂီဖြိုးကပြောသည်။

အဆိုပါအမျိုးသမီးနှစ်ဦးတွင်တစ်ဦးမှာ တစ်ဦးမှာ အသက် (၂၀)ကျော်ဝန်းကျင်ရှိပြီး နောက်တစ်ဦးမှာ (၃၀)ကျော်ဝန်းကျင် ရှိနိုင်ကြောင်း သူကဆက်ပြောသည်။

အဆိုပါအမျိုးသမီးနှစ်ဦးမှာစက်လှေနစ်မြုပ်ရာက ရေနစ်မြုပ်ကာ သေဆုံးခဲ့ပုံရပြီးတခြားပြင်ပဒဏ်ရာရရှိထားမှုတစ်စုံတစ်ရာမရှိကြောင်းပြောသည်။

သေဆုံးလျက်တွေ့ရှိသူအမျိုးသမီးနှစ်ဦးမှာမွတ်စလင်အမျိုးသမီးများဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများ ဝတ်ဆင်ထားသည်ကိုရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ မှတ်တမ်းဓာတ်ပုံများထဲတွင် တွေ့၇သည်။

လက်ရှိတွင်အမျိုးသမီးနှစ်ဦး၏အလောင်းအားစစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်းသိ၇သည်။

 

ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.