၇ခိုင်ပြည်နယ်၊ စစ်တွေကမ်းခြေတွင် မွတ်ဆလင် အမျိုးသမီးနှစ်ဦး အလောင်းအပြင် နောက်ထပ် မွတ်ဆလင် အမျိုးသား ၈ ဦးကို အသက်ရှင်သောင်တင်တွေ့ရှိခဲ့ပြီး ကျန် ၅၀ ဦးခန့်မှာ ပျောက်ဆုံးကြောင်း သတင်းရရှိသည်။
အသက်ရှင်လျက် မွတ်ဆလင်အမျိုးသား ၈ ဦးနှင့် ရေနစ်သေဆုံးနေသည့် မွတ်ဆလင်အမျိုးသမီး၂ ဦးအား သြဂုတ်လ ရ ရက်၊ ညနေ ၄ နာရီခန့်က စစ်တွေမြို့၊ ဘာဆာရာကျေးရွာ အနီး ပင်လယ်ကမ်းခြေတွင်တွေ့ရှိခဲ့ခြ
ရသေ့တောင်မြို့နယ် အနောက်ပြင် မွတ်ဆလင်ကျေးရွာမှ လူပေါင်း ၅၀ ကျော်ခန့်သည် မလေးရှားသို့သွားရန် စက်လှေဖြင့် ထွက်ခွာလာကြစဉ် စစ်တွေအနီး ပင်လယ်ပြင်တွင် လှိုင်းကြီးပြီး စက်လှေနစ်မြုပ်သွားခဲ့သည်ဟု အသင်ရှင်လျက် တွေ့ရှိသူများကို ကိုးကားပြီး ၎င်းသတင်းတွင် ဖော်ပြထားသည်။
" သူတို့ မလေးရှားသို့ သွားရောက်ရန် ဩဂုတ် ၆ ရက် ညနေပိုင်းက ၇သေ့တောင်မြို့နယ်၊အနောက်ပြင်မှနေ၍ စက်လှေဖြင့် ထွက်လာခဲ့ကြသူများဖြစ်ကြကြောင်း၊ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေအနီးလှိုင်းဒဏ်ကြောင့် စက်လှေတိမ်းမှောက်ပျက်စီးသွားခဲ့ကြောင်း၊ နစ်သွားတဲ့ စက် လှေပေါ်မှာ လူ ၅၀ ကျော်ပါလာသည်ဟု ကနဦးသတင်းရရှိရကြောင်း ၇ခိုင်နေ့စဉ်တွင် ဖော်ပြထားသည်။
ကျန်လူပေါင်း ၅၀ ခန့်နှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
အလောင်းများအား သွားရောက်သယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက တွေ့ရှိခဲ့သည့် အမျိုးသမီးနှစ်ဦး အလောင်းတွင် တစ်ဦးမှာ အသက် (၂၀)ကျော်ဝန်းကျင်ရှိပြီးနောက်တစ်ဦးမှာ (၃၀) ကျော်ခန့်ရှိနိုင်ကြောင်း နိရဥ္စရာသို့ ပြောသည်။
အဆိုပါအမျိုးသမီးနှစ်ဦးတွင် ပြင်ပဒဏ်ရာ ရရှိထားမှုတစ်စုံတစ်ရာမရှိကြော
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း