Preview
Preview

ရခိုင်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ဝါတွင်းကာလ ကျောင်းပိတ်ရက်အဖြစ် တနင်္ဂနွေနှင့် ဥပုသ်နေ့ကို သတ်မှတ်

သြဂုတ် ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :1101
ရခိုင် သတင်း

ရခိုင်ပြည်နယ်ရှိအခြေခံပညာစာသင်ကျောင်းအားလုံးတွင် ဝါတွင်းကာလ ကျောင်းပိတ်ရက်အဖြစ်တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့ နှစ်ရက်ကို တပြေးညီသတ်မှတ်ရန် ပြည်နယ်ပညာရေးမှူးရုံးကထုတ်ပြန်ကြေညာလိုက်သည်။

ရခိုင်ရှိ အခြေခံပညာကျောင်းများတွင်ကျောင်းတက်ရက်များတပြေးညီဖြစ်စေရန်အတွက် ဩဂုတ်လ ၁ ရက်(ဝါဆိုလပြည့်နေ့)မှစတင်ပြီးအောက်တိုဘာလ ၂၉ ရက်(သီတင်းကျွတ်လပြည့်နေ့)အထိတနင်္ဂနွေနေ့နှင့် ဥပုသ်နေ့တို့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်လိုက်ကြောင်း ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်လက်မှတ်ရေးထိုးကာ ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်

ရခိုင်ရှိ မြို့ပေါ်များမှအခြေခံပညာကျောင်းများတွင် ဝါတွင်းကာလ၌ တနင်္ဂနွေနှင့် ဥပုသ်နေ့ကိုကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ထားကြသော်လည်း မြို့နယ်များမှကျောင်းများတွင်မူအဖိတ်နေ့နှင့် ဥပုသ်နေ့တို့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်မှုများလည်းရှိကြောင်းပေါက်တောမြို့နယ်မှ မူလတန်းပြကျောင်းဆရာတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"မြို့ပေါ်တွေမှာ တနင်္ဂနွေနဲ့ဥပုသ်သီတင်းရက်ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ပေမယ့်ကျွန်တော်တို့နယ်ဘက်တွေမှာကျတော့ အဖိတ်နေ့နဲ့ ဥပုသ်သီတင်းနေ့တွေကို ကျောင်းပိတ်ရက်သတ်မှတ်ပြီးကျန်ရက်တွေကို ကျောင်းတက်ကြတယ်" ဟု ပြောသည်။

မြို့နယ်ကျေးလက်ဒေသများရှိကျောင်းများတွင်အဖိတ်နေ့နှင့် ဥပုသ်နေ့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်လေ့ရှိသည့်အတွက်ကျောင်းပိတ်ရက်တစ်ဆက်တည်းကျရောက်နိုင်သည်ဟု ဆိုသည်။


ယခုကဲ့သို့ တနင်္ဂနွေနှင့် ဥပုသ်နေ့ကိုကျောင်းပိတ်ရက်သတ်မှတ်လိုက်သော်လည်း ပညာသင်ကြားရေးနှင့်ပတ်သက်၍ထွေထွေထူးထူးထိခိုက်စရာမရှိကြောင်း သူက ဆက်ပြောသည်။

"အဖိတ်နေ့နဲ့ ဥပုသ်နေ့ပိတ်ရင်တော့ကလေးတွေအတွက်ကျောင်းပိတ်ရက်တစ်ဆက်တည်းကျတာပေါ့။ အခုပြန်သတ်မှတ်လိုက်တော့ကျောင်းပိတ်ရက်ခြားသွားနိုင်တာပေါ့။ ဒါကတော့ သင်ကြားရေးနဲ့ပတ်သက်ပြီးတော့ထိခိုက်စရာကြီးကြီးမားမားတော့မရှိပါဘူး" ဟု ပြောသည်။

မြောက်ဦးမြို့နယ်၊ ကျေးလက်ဒေသရှိ အခြေခံစာသင်ကျောင်းများတွင်လည်းယခင်က ဝါတွင်းကာလ၌ အဖိတ်နေ့နှင့်ဥပုသ်နေ့တို့ကို ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်လေ့ရှိပြီး ယခုပြည်နယ်ပညာရေးမှူးရုံးကထုတ်ပြန်သည့်အတိုင်း တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့တို့ကိုကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ထားပြီဖြစ်ကြောင်း ဒုတိယအလယ်တန်းပြ ဆရာမတစ်ဦးကပြောသည်။

"အခုလိုသတ်မှတ်လိုက်တာ ကောင်းတယ်လို့ထင်တယ်။အရင်က ကျွန်မတို့ကျခဲ့တဲ့ ကျောင်းမှာဆိုရင် ခရစ်ယာန်ဘာသာဝင်ကျောင်းသားကျောင်းသူတွေရှိတယ်။အဖိတ်နေ့နဲ့ဥပုသ်နေ့နဲ့ပိတ်တော့ တနင်္ဂနွေဘုရားကျောင်းကိုသူတို့မတက်နိုင်ခဲ့တာတွေရှိတယ်လေ" ဟု ပြောသည်။

၇ခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်ရှိပြီးယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၅ သိန်း ၆ သောင်းကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.