တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

(၅၆)နှစ်မြောက် စစ်တွေဆန်ပြဿနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် ကျင်းပ(ဓာတ်ပုံသတင်း)


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 767

ယနေ့ဩဂုတ် ၁၃ ရက်နေ့တွင်ကျရောက်သည့် (၅၆)နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် ယနေ့ ကျင်းပခဲ့သည်။

"ကျွန်တော်တို့က ရခိုင်မှာ ၁၉၆၇ ခုနှစ်က ဆန်စပါးရှားပါးပြီး အငတ်ဘေးကျရောက်ခဲ့တယ်။ ပြည်သူတွေက စစ်တွေမြို့ လမ်းပေါ်ကိုထွက်ပြီး ဆန်ရရှိရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြရာမှာ  ရာနဲ့ချီပြီး အသတ်ခံခဲ့ကြရတယ်။ ဒီဆန္ဒပြပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ ခိုင်လူမျိုးတွေအတွက် ကောင်းမှုကုသိုလ်လုပ်ပေးသလို တစ်ဘက်ကလည်း သူတို့အတွက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်တာဖြစ်တယ်။ ဘာသာရေး၊ လူမျိုးရေးမုန်းတီးတဲ့ စိတ်နဲ့လုပ်တာမဟုတ်ဘူး" ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုဦးသန်းနိုင်က ပြောသည်။


၎င်းအောက်မေ့ဝမ်းနည်းဖွယ်အခမ်းအနားကို ယနေ့ နေ့လယ်တွင် အကျဉ်းချုံးကျင်းခဲ့ကြသည်ဟု သိရသည်။

စစ်တွေဆန်ပြဿနာနေ့သည် ၁၉၆၇ ခုနှစ် ဩဂုတ် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဆန္ဒပြလူအုပ်ကြီးကို​ စစ်တပ်က ပစ်ခတ်၍ လူပေါင်း  ၃၀၀ နီးပါး သေဆုံးခဲ့ရသည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

၎င်းအချိန်က တိုင်းပြည်အာဏာကို ရယူထားသည့် ဗိုလ်နေဝင်ဦးဆောင်သည့် တော်လှန်ရေး ကောင်စီအစိုးရသည် ရခိုင်ပြည်မှ ဆန်စပါးများကို နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချခဲ့သဖြင့် ဆန်စပါးရှားပါးပြီး ပြည်သူများစွာ ငတ်ဘေးကျရောက်ခဲ့ရာမှ မခံရပ်သည့် ပြည်သူများက စစ်တွေမြို့ လမ်းများပေါ်တက်ရောက် ဆန်ရရှိရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။


ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၃ရက်နေ့ကလည်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ စစ်တွေဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်ကား နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင်း အကျဥ်းချုပ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်တွေဆန်ပြဿနာနေ့သည် ယနေ့သြဂုတ်လ ၁၃ရက်နေ့တွင် (၅၆) နှစ်တိုင်ခဲ့သော်လည်း ရခိုင်လူထုတစ်ရပ်လုံးက စစ်အာဏာရှင်များ ကျူးလွန်ခဲ့ကြသည့် ရက်စက်သော လူသတ်ပွဲကြီးကို အခုထိတိုင် မေ့မရနိုင်ဘဲ အမှတ်ရနေကြဆဲဖြစ်သည်။

ဆက်စပ် သတင်းများ