Preview

ဆင်းရဲဒဏ်ကို မခံနိုင်၍ မင်းပြား နားပဲ့ချောင်းရွာသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်သွားဟုဆို

သြဂုတ် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :958
ရခိုင် သတင်း

မင်းပြားမြို့နယ်၊နားပဲ့ချောင်းကျေးရွာမှ ရွာသားတစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချ၍အဆုံးစီရင်သွားကြောင်၊ ဆင်းရဲဒဏ်ကို မခံနိုင်၍သေကြောင်းကြံသွားပုံရကြောင်းကျေးရွာသားများက ပြောသည်။

မိမိကိုယ်ကိုအဆုံးစီရင်သွားသူမှာနားပဲ့ချောင်းကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ကိုအောင်ကြာထွန်းဖြစ်ပြီး ၎င်းသည် ရွာရှိလယ်သမားများထံလယ်အငှားထွန်သည့်အလုပ်၊ ငါးရှာဖားရှာအလုပ်၊ ကွမ်းသီးခင်းများတွင်နေ့စားကွမ်းသီးခူးသည့် အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းနေသူဖြစ်သည်ဟု ရွာသားတစ်ဦးကပြောသည်။

"တခြားပြဿနာကြီးကြီးမားမားတော့ဘာမှမကြားမိပါဘူး။ မိသားစုစားဝတ်နေရေးပြသနာ လောက်ပဲရှိတယ်။ ဆင်းရဲဒဏ်ကိုမခံနိုင်တော့ ခုလို သေကြောင်းကြံသွားပုံရပါတယ်။ သူက ငါးရှာတယ်။အငှားလုပ်တယ်။ နေ့စားလည်း လုပ်တယ်။ တစ်မိသားစုလုံးက သူ့ကိုမှီခိုနေကြတာပါ။သူတို့က တရက်လုပ်မှ တရက်စား၇တဲ့အခြေအနေပါ " ဟု ဆက်ပြောသည်။

၄င်းသည်ကျေးရွာအနီးချောင်းကမ်းပါးတွင်ရှိသည့် လမုပင်တွင် ကြိုးဆွဲချပြီးသေဆုံးနေသည်ကို ယနေ့ ဩဂုတ်လ ၁၇ ရက်၊ မနက်အစောကြီးက ချောင်းသို့ငါးရှာရန်လာသည့်ကျေးရွာသားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွာသားများကပြောသည်။

နားပဲ့ချောင်းကျေးရွာသားတစ်ဦးက"ချောင်းကမ်းနားက လမုပင်မှာ ကြိုးဆွဲချပြီးသေသွားတာပါ။ မနက်အစောကြီးကရွာကငါးရှာသွားတဲ့အဘိုးကြီးတစ်ယောက်က အလောင်းကိုတွေ့တာ" ဟု ပြောသည်။

သေဆုံးသူကိုအောင်ကြာထွန်းတွင် ဇနီးနှင့် လေးနှစ်အရွယ်သမီးကလေးတစ်ဦးရှိပြီးနားပဲ့ချောင်းကျေးရွာစပ်တွင် တဲအိမ်ကုတ်ကလေးတည်ဆောက်နေထိုင်ကြကြောင်း သူကပြောသည်။

သေဆုံးသူ၏ အလောင်းအားယနေ့ညနေပိုင်းတွင် ကျေးရွာသုသာန်၌ သင်္ဂြိုလ်သွားမည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကုန်ဈေးနှုန်းအဆမတန်ကြီးမားပြီး အလုပ်အကိုင်ရှားပါးလွန်းခြင်း၊ တစ်နေ့ဝင်ငွေနှင့်ထွက်ငွေမမျှတ၍ ငတ်ပြတ်လုမတတ်အခြေအနေကိုရင်ဆိုင်နေရသည့် အခြေခံလူတန်းစားပြည်သူများ တစ်နေ့ထက် တစ်နေ့ များပြားလာသည်ဟု လူမှုကူညီရေးအဖွဲ့အစည်းများကပြောသည်။ 

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.