English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
တရုတ်အာကာသယာဉ်မှစွန့်ပစ်ပစ္စည်းများ ရခိုင့်ပင်လယ်ပြင်သို့ ကျရောက်
သြဂုတ် ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :1708
ရခိုင် သတင်း
တရုတ်နိုင်ငံမှ လွှင့်တင်ထားသည့် အာကာသယာဉ်မှ မလိုအပ်သော စွန့်ပစ်ပစ္စည်း အစိတ်အပိုင်းများသည် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ပင်လယ်ပြင်သို့ကျရောက်ခဲ့သည်ဟု သိ၇သည်။
ယင်းစွန့်ပစ်ပစ္စည်းအစိတ်အပိုင်
းများမှာ ပြီးခဲ့သည့် ညဉ့် ၁၂ နာရီခွဲခန့်(ယနေ့ သြဂုတ်လ ၂၁ ရက်)က ဂွမြို့နယ်၏ အနောက်ဘက် ၆၆ ကီလိုမီတာအကွာ ပင်လယ်ပြင်နှင့် မာန်အောင်ကျွန်း၏ တောင်ဘက် ၁၀၄ ကီလိုမီတာဝန်းကျင် ပင်လယ်ပြင်၌ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အဆိုပါစွန့်ပစ်ပစ္စည်းအစိတ်အပို
င်းများ ကျရောက်မှုကြောင့် ရခိုင့်ပင်လယ်ပြင်ရှိ ရေနေသတ္တဝါများစွာ ပျက်စီးဆုံးရှုံးမှုရှိနိုင်သည့်
အပြင် အလွန်အန္တရာယ်ရှိသောဖြစ်စဉ်ဖြစ်
သည်ဟု ဂွမြို့ခံတစ်ဦးက ပြောသည်။
"ဒီလိုမျိုး တခြားနိုင်ငံမှာ လာရောက်စွန့်ပစ်တာကတော့ ကျူးကျော်ရာရောက်တယ်လို့မြင်တယ်
။ သူတို့ဒီလိုမျိုးမကြာမကြာစွန့်
ပစ်တဲ့ ရခိုင့်ပင်လယ်ပြင်က သူတို့အပိုင်မှမဟုတ်တာ။ တရုတ်အစိုးရကော၊ မြန်မာအစိုးရပါ ဒီသက်ရောက်မှုရဲ့ အသေးစိပ်အချက်အလက်တွေကို ပြည်သူဆီချပြဖို့လိုအပ်မယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေမရှိဘဲ ဥပေက္ခာပြုနေမှုက တာဝန်မဲ့ရာ ကျတယ်" ဟု ပြောသည်။
ယင်းအပြင် တရုတ်နိုင်ငံအာကာသယာဉ်မှ စွန့်ပစ်စ္စည်များ ကျရောက်မည့်အပေါ် စစ်ကောင်စီက ဒေသခံများအကြား ကြိုတင်အသိပေးကြေညာထားမှုများ
လည်းမရှိခဲ့သည့်အတွက် ရေလုပ်ငန်းကိုအားကိုးပြီး လုပ်ကိုင်စားသောက်နေရသူများနှင့်
ရေလုပ်ငန်းပိုင်ရှင်များတွင် ထိခိုက်နစ်နာမှုများရှိသည်ဟု အမ်းမြို့နယ်မှ ကိုမျိုးလွင်က ပြောသည်။
"အဲ့ဒီပစ္စည်းတွေ ပင်လယ်ပြင်မှာ ကျရောက်တဲ့အခါ ပင်လယ်မှာရှိတဲ့ ငါးဖမ်းသမားတွေအရမ်းအန္တရာယ်ရှိ
တယ်။ ဒီလိုကျရောက်မယ်ဆိုတာ မသိဘဲ ငါးဖမ်းထွက်နေတဲ့ သင်္ဘောတွေ၊ စက်လှေတွေလည်းရှိနေတယ်လေ။ ဘယ်လောက်ထိ ထိခိုက်ပျက်စီးနိုင်လဲ။ သက်ရှိတွေဘယ်လောက်ထိ သေကြေနိုင်လဲဆိုတာ ကျွန်တော်တို့အနေနဲ့ပြောဖို့ခက်
တယ်။ ကျွမ်းကျင်တဲ့ သုတေသနပညာရှင်တွေနဲ့ သေချာသုတေသနလုပ်ပြီး ဆန်းစစ်ဖို့လိုအပ်တယ်" ဟု ပြောသည်။
စွန့်ပစ်ပစ္စည်းများထဲတွင် အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများနှင့် ရေဒီယို သတ္တိကြွများပါနိုင်သည့်အတွက် ရခိုင်ပင်လယ်ပြင်အတွင်းရှိ တန်ဖိုးရှိသန္တာကျောက်တန်းများ
စွာလည်း ပျက်စီးနိုင်ပြီး ပင်လယ်အတွင်းရှိ ဂေဟစနစ်နဲ့သက်ရှိများအတွက် စိုးရိမ်စရာဖြစ်သည်ဟု သူက ဆက်ပြောသည်။
ယခုကျရောက်ခဲ့သည့်ဖြစ်စဉ်တွင် တစ်စုံတရာထိခိုက်မှုမရှိခဲ့ဟု
လည်း ၇ခိုင်ပြည်နယ်စစ်ကောင်စီက ဆိုထားသည်။
တရုတ်နိုင်ငံ အာကာသယာဉ်မှ မလိုအပ်သည့်စွန့်ပစ်ပစ္စည်းများ ရခိုင့်ပင်လယ်ပြင်တွင် မကြာခဏဆိုသလိုကျရောက်နေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ မတ်လ ၂ ရက်၊ ဧပြီလ ရ ရက်နှင့် ၁၃ ရက်တို့ကလည်း ရခိုင့်ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့ဖူးသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇီဇင်ဘာလ ၆ ရက်နှင့် ၁၂ ရက်တို့ကလည်း ရခိုင့်ပင်လယ်ပြင်တွင် တရုတ်နိုင်ငံ အာကာသယာဉ်မှ မလိုအပ်သောစွန့်ပစ်ပစ္စည်းများ ကျရောက်ခဲ့သည်။
ဓာတ်ပုံ - ၇ခိုင်နေ့စဉ်
#တရုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.