English Edition
ကြာသပတေးနေ့၊ ဇူလိုင်လ ၀၃ရက်၊ ၂၀၂၅
လှူရန်
Preview
အမေရိကန်တွင်ကျင်းပခဲ့သော မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ရန်ပုံငွေပွဲမှ ကျပ်သိန်း ၄၀၀ ကျော်ရရှိ
သြဂုတ် ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :1521
ရခိုင် သတင်း
(မုန်တိုင်းသင့်ပြည်သူများထံ မကြာမီ ပေးပို့လှူဒါန်းသွားမည်)
ရခိုင်ပြည်ရှိ မိုခါတိုင်းသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေပွဲတစ်ခုကို အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာငွေ ကျပ်သိန်း ၄၀၀ ကျော် ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါပွဲကို နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (World Arakanese Organization) (WAO) အဖွဲ့က ဦးဆောင်စီစဉ်ကာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ့်မြို့၌ Performing Arts Center တွင် သြဂုတ်လ ၁၂ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲကို ဈေးရောင်းပွဲတော်နှင့် ကပြဖျော်ဖြေရေးများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့
သည်ဟု သိရသည်။
ပွဲကို ရခိုင့်နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ရခိုင်တေးသီချင်းများနှင့် ရခိုင့်ရိုးရာ ဆီးမီးခွက်အကအလှများကို လော့စ်အိန်ဂျလိစ့်မြို့ ရခိုင့်မိသားစုဝင်များက ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။
အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားများနှင့်
အတူ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာစသည့် တိုင်းရင်းသားပေါင်းစုံအပြင် အခြားလူမှုအဖွဲ့အစည်းများနှင့် အခြားပြည်နယ်များမှလည်း လာရောက် ဝိုင်းဝန်းကူညီအားပေးခဲ့ကြသည်။
အဆိုပါပွဲတွင် မုန်တိုင်းသင့်ပြည်သူများအတွက် ထည့်ဝင်လှူဒါန်းကြသောအလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းခြောက်ထောင် တစ်ရာရှစ်ဆယ့်တစ် (၁၆,၁၈၁)ဒေါ်လာ (မြန်မာငွေ သိန်း ၄၀၀ ကျော်)အား ရရှိခဲ့သည်ဟု သိရသည်။
ယင်းအလှူငွေများကို ရခိုင်သဟာယအသင်း(ရန်ကုန်)မှတဆင့်
မုန်တိုင်းသင့်ပြည်သူများထံ မကြာမီ ပေးပို့လှူဒါန်းသွားမည်ဟု ပွဲစီစဉ်သူများက ပြောသည်။
မုန်တိုင်းဘေးဒဏ်သင့်ဒေသများတွ
င် နှစ်လကြာရှည်စွာ ပြန်လည်ထူထောင်ရေးများ လုပ်ကိုင်နိုင်ရန်နှင့် မုန်တိုင်းသင့်ပြည်သူများထံသို့ လိုအပ်သည့် အကူညီများ တိုက်ရိုက်ပေးပို့နိုင်ရန်အတွက် ယခုပွဲအား စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၇ခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံပေါင်း သိန်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့သည်။
ယင်းအပြင် ကျွဲနွားတိရစ္ဆာန်များ သောင်းနှင့်ချီ ထိခိုက်သေဆုံးခဲ့ကာ လယ်ယာမြေအများအပြားတွင်လည်း ဆားငန်ရေဝင်ရောက်ပျက်စီးခဲ့ပြီး လယ်သမားများ သိုလှောင်ထားသည့် မျိုးစပါးအများအပြားမှာ ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့
၇သည်။
Photo – WAO
#အမေရိကန်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.