Preview

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်က နတ်မြစ်အတွင်း ၂ ရက်ကြာ ထပ်မံ ရေကြောင်းကင်းလှည့်

သြဂုတ် ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :2679
ရခိုင် သတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိနတ်မြစ်အတွင်းတွင် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များသည် ၂ ရက်ကြာရေကြောင်းကင်းလှည့်မှုကို ထပ်မံဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။

ရေကြောင်းကင်းလှည့်ခြင်းများကို သြဂုတ်လ၁၉ ရက်နှင့် ၂၂ ရက်တို့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီကယနေ့ သြဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။



ထိုသို့ကင်းလှည့်ခြင်းကိုနှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိဦးစီး ကိုယ်စားလှယ်အဖွဲ့ဖြင့်နတ်မြစ်တစ်လျှောက်ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်ကင်းလှည့်မှုအခြေအနေများကိုမှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၂ ရက်တို့တွင်လည်း နတ်မြောက်တစ်လျှောက်မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ ၃ ရက်ကြာ ရေကြောင်းကင်းလှည့်မှု ပြုလုပ်ခဲ့သေးသည်။

မူးယစ်ဆေးဝါးနှင့် တရားမဝင်လူဝင်ထွက်မှုများ မရှိစေရေး၊ ရေကြောင်းပြောင်းလဲမှုနှင့် ဝင်ထွက်ပေါက်များစစ်ဆေးခြင်း၊ နှစ်ဘက် ကင်းလှည့်မှု မှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်းနှင့်နှစ်ဘက်သတင်းဖလှယ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်ဟုလည်းဇူလိုင်လအတွင်း ကင်းလှည့်ခဲ့စဉ် ထုတ်ပြန်ခဲ့သည်။

မောင်တောဒေသသည် အာဆာ လက်နက်ကိုင်အဖွဲ့ကဘင်္ဂလားဒေ့ရှ်မှတဆင့် နတ်မြစ်ကို ခိုးဝင်ဖြတ်ကျော်ပြီး စိမ့်ဝင်လှုပ်ရှားမှုများရှိနေပြီး မကြာခဏပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှုများကို ကျူးလွန်မှုများ ရှိနေသည်ဟု သိရှိ၇သည်။

ယခုသြဂုတ်လ ၁၂ရက်ကလည်း မောင်တောမြောက်ပိုင်းရှိ မွတ်ဆလင်စီးပွားရေး သမားနှစ်ဦးစီးလာသည့်ကားကို ARSAက မီးရှို့ကာ လူကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

ယင်းအပြင်မောင်တောဒေသသည် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မူးယစ်ဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက်ကားရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်နေပြီး နတ်မြစ်တစ်လျှောက်တွင်လည်းလူကုန်ကူးမှု၊ မူးယစ်မှောင်ခိုကုန်သွယ်မှုများကို ပြုလုပ်မှုများလည်း ရှိနေဟုဒေသခံများက ပြောဆိုကြသည်။


ဓာတ်ပုံ -ယခင်ကပြုလုပ်ခဲ့သည့် ပုံဟောင်း။

#မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.