Preview

ရမ်းဗြဲ လေးတောင်မြို့တွင် သက်ငယ်မုဒိမ်းကျူးလွန်သူ လူငယ်တစ်ဦးကို AA ဖမ်းဆီး

သြဂုတ် ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :1764
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊လေးတောင်မြို့တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်သည်ဟုသံသယရှိသည့် လူငယ်တစ်ဦးကိုယမန်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်ဟုသိ၇သည်။

အဖမ်းခံလိုက်၇သည့်လူငယ်မှာ ရမ်းဗြဲမြို့နယ်၊လေးတောင်မြို့ရှိ ×××××× ရပ်ကွက်မှ မောင်စံငြိမ်းအုံးဖြစ်ပြီးအသက် ၁၄ နှစ်သာရှိသေးသည်ဟု မြို့ခံများက ပြောသည်။

သူသည် ပြီးခဲ့သည့်သြဂုတ်လ ၂၂ ရက်၊ ညနေပိုင်းတွင် တစ်ရပ်ကွက်တည်းနေ အသက် (၄)နှစ် အရွယ်မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည်ဟုဆိုကာထွက်ပြေးတိမ်းရှောင်နေခဲ့ရာမှ ယမန်နေ့သြဂုတ်လ ၂၄ ရက်၊ ညနေ၆နာရီခန့်တွင် AA ကဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"သူ့က အဲ့ဒီနေ့ကနေထွက်ပြေးသွားတာ။ ရပ်ကွက်ထဲကလူတွေကော့ အနီးအနားရွာတွေကလူတွေပါ ဝိုင်းရှာကြတာ။ဖမ်းမိပါပြီ။ အသက်မပြည့်သေးဘူးဆိုပေမဲ့ဥပဒေအရတော့ အရေးယူ၇မှာပဲ။ ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုခံ၇မှာပဲ"ဟု ပြောသည်။

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်းအဓမ္မပြုကျင့်သည်ဟုသာသိရပြီး အသေးစိတ်မသိ၇သေးကြောင်း ပြောသည်။

"အဲ့ဒီနေ့ကအဓမ္မပြုကျင့်မှုဖြစ်တယ်လို့ပဲသိ၇တာ။ ဘယ်ကနေဘယ်လိုဖြစ်လဲဆိုတာ မသိ၇ဘူး။ ကျွန်တော့်အိမ်နဲ့ အလှမ်းဝေးတော့ကျွန်တော်ကလည်း ည ၈နာရီမှ သိရတယ်။ နစ်နာသူ ကလေးမလေးကလည်း ဘာမှမေးမ၇ဘူး။ မေးရင်လည်းဘာမှမဖြေဘူး" ဟု ပြောသည်။

အဓမ္မပြုကျင့်ခံ၇သည်ဆိုသည့်မိန်းကလေးငယ်မှာ၁ တန်းကျောင်းသူဖြစ်ပြီး လက်ရှိတွင် ကျောက်ဖြူမြို့ဆေးရုံ၌ဆေးကုသမှုခံယူနေရဆဲဖြစ်သည်ဟု သိ၇သည်။

သံသယရှိသူကိုမူ AAကဖမ်းဆီးခေါ်ဆောင်ထားပြီး စုံစမ်းစစ်ဆေးအရေးယူသွားမည်ဟု သိ၇သည်။

ဓာတ်ပုံ -သံသယရှိသည့်လူငယ်အား တွေ့၇စဉ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.