Preview

စစ်တွေတွင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၁၀ကျော် ညအချိန် အုပ်စုဖွဲ့ ဓားခုတ်ခံ၇ပြီး ၄ ဦးကို ဆေးရုံတင်ထားရ

သြဂုတ် ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :3603
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်အဝေးသင်တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသား ၁၀ ကျော်အား အမည်မသိလူတစ်စုကညအချိန် ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့၍ ဒဏ်ရာရရှိသူ ၄ ဦးကို ဆေးရုံတင်ထားရသည်ဟုသိရသည်။

ဓားခုတ်ခံ၇သည့်ကျောင်းသားများမှာ ၁၁ ဦးဖြစ်ပြီး ယင်းအနက် ကိုမောင်စိုးလွင်၊ကိုကျော်နိုင်ဝင်း၊ ကိုကျော်ငြိမ်းစိုးနှင့် ကိုစိုးမင်းသူတို့ ၄ ဦးတွင် ဦးခေါင်း၊ပခုံး၊ ကျောပြင်၊ခါးနှင့် လက်တို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံတင်ထား၇သည်ဟု ၄င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"ဒဏ်ရာရရှိတဲ့ ကျောင်းသားတွေကဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်။ ဒဏ်ရာတွေက များတယ်လို့ပြောတယ်။ဘာကြောင့် ခုတ်ခံရလဲတော့ ကျွန်တော်လည်း မသိဘူး။ ကျောင်းသားတွေပြောတာကတော့သူတို့နဲ့လည်း မသိကြဘူး။ ရန်ငြိုးတွေလည်း မရှိဘူးလို့ပြောတယ်"ဟု ပြောသည်။

ဓားခုတ်ခံရသည့်ကျောင်းသားများသည်နယ်ဘက်မှ ဖြစ်ကြသည်ဟု သိ၇သည်။

သူတို့သည် ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်၊ ည ၁၀ နာရီကျော်က စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ရှိBOS Bar တွင်မွေးနေ့ပွဲကျင်းပပြီး အဆောင်သို့ပြန်ရာ၌ အမည်မသိလူတစ်စုကကားဖြင့်ရောက်လာကာ ကားပေါ်မှဆင်းပြီး ဓားရှည်ဖြင့် ဝိုင်းခုတ်ခြင်းကိုခံရခြင်းဖြစ်သည်ဟု သူက ဆိုသည်။

"အဲ့ဒီကျောင်းသားတွေက မွေးနေ့ပွဲနဲ့အရက်တွေလည်း သောက်ထားတော့ ပြန်ခုခံဖို့မရဘဲ အုပ်စုဖွဲ့ဓားနဲ့ခုတ်တာခံရတယ်။အနီးအနားကို အော်ဟစ်အကူအညီတောင်းလို့ လွတ်သွားကြတာလို့ပြောတယ်"ဟုပြောသည်။

ဓားဖြင့် အုပ်စုဖွဲ့ခုတ်ခံရသည့်အတွက်ကျောင်းသားများက အနီးအနားရှိ ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်း၍ဓားဖြင့်လုပ်ကြံသူများမှာ ကားပေါ်သို့ပြန်တက်ကာ ထွက်ပြေးသွားကြသည်ဟုသိ၇သည်။

ကျောင်းသားများအားဓားဖြင့်အုပ်စုဖွဲ့လာခုတ်သူများမှာ အသက် ၃၀ ကျော်အရွယ်များဖြစ်ကြပြီးမျက်နှာစိမ်းများဖြစ်ကာ စုစုပေါင်း လူ ၂၀ ကျော်ခန့်ရှိသည်ဟု သိ၇သည်။

သူတို့သည်မည်သည့်အဖွဲ့ကဖြစ်သည်ကိုလည်း ကျောင်းသားများက မသိရှိခဲ့ဟု ဆိုကြသည်။ 

 


#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.