Preview

စစ်တွေ လမ်းမကြီးရှိ ဈေးဆိုင်ခန်း ၁၆ ခု စည်ပင်ကအတင်းဖြိုချခိုင်း၍ မိုးရေထဲ ဖြိုချနေ

သြဂုတ် ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :2273
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊လမ်းမကြီး၊ ဦးဥတ္တမပန်းခြံရှေ့တွင် ဈေးရောင်းချနေသော ဆိုင်ခန်း ၁၆ ခုကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့က အဓမ္မဖယ်ရှားခိုင်း၍ မိုးရေထဲ ဖြိုချနေရသည်ဟုဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

အဆိုပါဆိုင်ခန်းများကို ယနေ့သြဂုတ်လ ၂၆ ရက် နောက်ဆုံးထားဖြိုဖျက်ပေးရန် မြို့နယ်စည်ပင်က သြဂုတ်လ ၂ ရက်ကတစ်ကြိမ်နှင့်သြဂုတ်လ ၁၀ ရက်ကတစ်ကြိမ် အသိပေးစာဖြင့် အကြောင်း ကြားထားသည့်အတွက်ဖြိုဖျက်နေရခြင်းဖြစ်သည်ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူဒေါ်အေးမြသိန်းက ပြောသည်။

"မနေ့ကနေတစ်ညလုံးပြောင်းရွေ့ဖြိုချနေရတာ။ ကိုယ့်ဘာသာမဖြိုရင်သူတို့ကလာဖြိုမယ်ဆိုတော့ ပစ္စည်းတွေပျက်စီးမှာ စိုးတာနဲ့ဖြိုချနေရတယ်။ မိုးကလည်း အဆက်အပြတ်ရွာတော့ အဆင်မပြေဘူး" ဟု ပြောသည်။

အဆိုပါဆိုင်ခန်းများသည်သစ်သီးအရောင်းဆိုင်များ၊ မုန့်တီဆိုင်များနှင့် ခေါက်ဆွဲကြော် အရောင်းဆိုင်တို့ ဖြစ်ကြသည်။

ဆိုင်ခန်းပိုင်ရှင်များမှာ မိုးရာသီဖြစ်သဖြင့်ဖြိုချ၊ ပြောင်းရွေ့၇အခက်အခဲဖြစ်နေကာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင်း ပျက်စီးသွားသည့်ဆိုင်ခန်းများကို ပြုပြင်ပြီးစီးခါစဖြစ်၍လည်းပြန်ဖြိုချရာတွင် အခက်အခဲဖြစ်နေကြသည်ဟု ဆိုသည်။

ဆိုင်ခန်းပိုင်ရှင် နောက်တစ်ဦးဖြစ်သူဒေါ်မဲမက "ကျွန်မတို့က ဒီနေရာမှာဈေးရောင်းစားလာတာ နှစ်ပေါင်းလည်းအတော်ကြာပြီ။သူတို့က(စည်ပင်) လူကြီးခရီးစဉ်တွေရှိတယ်။ ဒီနေ့ဈေး မရောင်းနဲ့ဆိုလည်း မရောင်းဘူး။ပလက်ဖောင်းပေါ်ကို တိုးချဲ့အမိုးချပြီးမရောင်းနဲ့ဆိုလို့လမ်းဘေးမြောင်းထဲမှာ အထိုင်အခင်းတွေချပြီး ရောင်းနေတာ။ မိုးတွင်းကြီးမှာဖယ်ရှားခိုင်းတော့ အဆင်မပြေဘူး" ဟု ပြောသည်။



အဆိုပါဆိုင်ခန်း ၁၆ခုကို ယခုဖယ်ရှားခံလိုက်ရသည့်နေရာအနီးရှိ ဗလီကြီးနှင့်ယဉ်ကျေးမှုပြတိုက်ဘေး လမ်းကျဉ်းလေးထဲတွင် မြို့နယ်စည်ပင်က ဆိုင်ခန်းတစ်ခုအတွက်၁၀ ပေ နေရာပေးကာ ပြောင်းရွေ့ရောင်းချခိုင်းထားသည်ဟုလည်း သူမက ဆက်ပြောသည်။

"သူတို့(စည်ပင်)ပေးတဲ့ ၁၀ပေနေရာကအရမ်းကျဉ်းတယ်။ ဆိုင်ခန်းတွေ ကျပ်ကျပ်တည်းတည်းနဲ့ ဘယ်လိုလုပ်ရောင်းချမှာလဲ။ပြီးရင် အဲ့ဒီနေရာအထိဝင်ပြီး ဘယ်သူက လာဝယ်စားပါ့မလဲ။ ရွံ့ဗွက်တွေနဲ့။လမ်းကလည်း ကျဉ်းနဲ့အဆင်မပြေဘူး။ ဒီလမ်းမကြီးဘေးမှာ ရောင်းတာကရောင်းချလို့အဆင်ပြေတယ်။ လမ်းသွားလမ်းလာတွေက ဝယ်ယူစားသောက်ကြတယ်"ဟု ပြောသည်။

စစ်တွေကမ်းခြေရှိစားသောက်ဆိုင် ၁၆ ဆိုင်ကိုလည်း လမ်းတိုးချဲ့ရန်အတွက်ဟုဆိုကာ မြို့နယ်စည်ပင်ကနှစ်ပတ်အတွင်း နေရာမှ ဖယ်ရှားဖြိုဖျက်ပေးရန် ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်တွင် အမိန့်ထုတ်ထားသည်။

ဓာတ်ပုံ -ဖြိချနေရသည့် လမ်းမကြီးရှိ ဆိုင်ခန်းများအား  သြဂုတ်  ၂၆ ရက်၊ နေ့လယ်က တွေ့၇စဉ်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.