Preview

၄ ရက်အတွင်း အွန်းလိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၂၄ ဦးကို မြန်မာရဲက တရုတ်ရဲထံ လွှဲပြောင်းပေးခဲ့

သြဂုတ် ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :3355
ရခိုင် သတင်း

၄ရက်အတွင်း အွန်းလိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၂၄ ဦးကို မြန်မာရဲတပ်ဖွဲ့က တရုတ်ရဲထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သြဂုတ်လ ၂၅ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ သြဂုတ်လ၂၆ ရက်နေ့တွင် ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ ငွေလိမ်သူတရုတ်နိုင်ငံသား ၅ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံရံတပ်ဖွဲ့သို့ထပ်မံ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

 ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူများအား မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင် ဖမ်းဆီးခြင်းခံသည့်ကိုတရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းရှိသော်လည်းယခုလွှဲပြောင်းပေးမှုမှာ ဩဂုတ်လအတွင်း နောက်ဆုံးလွှဲပြောင်းပေးမှု ဖြစ်ကြောင်း သိ၇သည်။

 

ယခုနှစ်ဇွန်လတွင် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ဦး၊ သြဂုတ်လ ၂၃ ရက်နေ့က ၂ ဦးတို့ကို တရုတ်နိုင်ငံသို့ဖမ်းဆီးလွှဲပြောင်းပေးခဲ့ပြီး ယင်းမတိုင်မီ ၁၁ ဦး ကိုလည်း လွှဲပြောင်းပေးခဲ့သည်ဟုသိ၇သည်။ 

 

 အွန်လိုင်းငွေလိမ်ဂိုဏ်းများသည်မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီ၏နယ်ခြားစောင့်တပ်များ ထိန်းချုပ်သည့် မြန်မာ-ထိုင်းနယ်စပ်နှင့်တရုတ်နယ်စပ်များတွင်သာ အများအပြား လှုပ်ရှားနေကြောင်း သိ၇သည်။ 

 

ယခင်ကမြန်မာနိုင်ငံနယ်စပ်မြို့များတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည်ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေခဲ့သော်လည်း ယခုနှစ်ဇွန်လအတွင်းစ၍ ၎င်းတို့အား ဖမ်းဆီးမှုများ ခပ်စိတ်စိတ် တွေ့လာ၇သည်။

 

 တရုတ်၊ လာအို၊ထိုင်း၊ မြန်မာ ပူးပေါင်းပြီး ဒေသအတွင်း အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ပြန်ပေးဆွဲမှုများကို ပြတ်ပြတ်သားသားနှိမ်နှင်းရန် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ယခု သြဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့ကပြုလုပ်ခဲ့သည့်အစည်းအဝေးအတွင်းဆုံးဖြတ်ထားခဲ့သည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 ယင်းအပြင်ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်နေ၍ လူကုန်ကူးခြင်း၊ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများများစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန်ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

 

 ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး

#တရုတ်#မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.