Preview

စစ်တွေတွင် အဓမ္မပြုကျင့်ခံ၇၍ သေဆုံးသွားသည့် အသက် (၁၁) နှစ်အရွယ် မသန္တာဝင်းအမှုနှင့်ပက်သက်ပြီး ကျူးလွန်သူ ၂ ဦးအနက် ၁ ဦးကို ကြားနာစစ်ဆေး

သြဂုတ် ၃၀/ ၂၀၂၃ | ကြည့်ရှုသူ :1279
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊စစ်တွေမြို့၊မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ ၇ထားသံလမ်းအောက်တွင်အဓမ္မပြုကျင့်ခံရပြီးနောက်ရိုက်နှက်ခံခဲ့၇၍ သေဆုံးသွားသည့် အသက် ၁၁နှစ်ရွယ်မသန္တာဝင်းအသတ်ခံ၇မှုတွင် ကျူးလွန်သူ ၂ ဦးအနက် ၁ ဦးကိုရုံးထုတ်ကာကြားနာစစ်ဆေးခဲ့သည်ဟုသိ၇သည်။

ရုံးထုတ်စစ်ဆေးခံခဲ့၇သူမှာအသက် ၂၅ နှစ်အရွယ်ကိုခိုင်ကျော်လင်းဖြစ်ပြီး ယနေ့သြဂုတ်လ ၃၀ ရက်၊ နေ့လယ် ၁ နာရီက စစ်တွေမြို့နယ်တရားရုံးတွင်ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ရုံးထုတ်စစ်ဆေးရာတွင် စစ်တွေမြို့၊မင်းဂံရဲစခန်းမှူးနှင့် မှုခင်းဆရာဝန်တို့က စစ်ဆေးခြင်းဖြစ်ပြီးကျူးလွန်သူက အမှန်အတိုင်းထွက်ဆိုခဲ့သည်ဟု မသန္တာဝင်းမိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"ကျူးလွန်သူတွေကတော့သူတို့ကိုယ်တိုင်ဝန်ခံထားတာရှိတယ်။ အခုရုံးထုတ်စစ်ဆေးတာကလည်းမှန်ကန်အောင်ရုံးထုတ်စစ်ဆေးနေတာလို့ သိရတယ်။ မင်းဂံရဲစခန်းမှူးပြောတာကတော့ဒီနေ့ရုံးထုတ်စစ်ဆေးတဲ့အချိန် တရားခံက အကုန်ဝန်ခံတယ်လို့ပြောတယ်" ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူကိုခိုင်ကျော်လင်းကို လာမည့်စက်တင်ဘာလ ၆ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးမည်ဟုလည်း သိ၇သည်။



သူနှင့်အတူ နောက်ထပ်ကျူးလွန်သူတစ်ဦးဖြစ်သည့် အသက် ၂၀  အရွယ် ကိုအောင်ခန့်ဇော်ကိုလည်း လာမည့်စက်တင်ဘာလ ရ ရက်တွင် ရုံးထုတ်စစ်ဆေးသွားမည်ဟု မသန္တာဝင်းမိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"သူတို့ကိုစစ်ဆေးမေးမြန်းတော့ သူတို့၂ ယောက်က ကျူးလွန်ခဲ့တယ်လို့ဝန်ခံတယ်။ ပြီးရင် ဆေးစစ်ချက်တွေကလည်း တူနေတယ်။ကျူးလွန်သူတရားခံဖြစ်တဲ့ ကိုခိုင်ကျော်လင်းမှာတော့ ရှေ့နေငှားထားတာရှိပါတယ်"ဟု ပြောသည်။

အဆိုပါပြစ်မှုကျူးလွန်သူနှစ်ဦးမှာ စစ်တွေမြို့၊မင်းဂံရပ်ကွက် အကွက်(၁၅)မှဖြစ်ပြီး အသတ်ခံလိုက်၇သည့် မသန္တာဝင်းနှင့်တစ်ရပ်ကွက်တည်းနေ အိမ်နီးချင်းများဖြစ်ကြသည်ဟု သိ၇သည်။

သေဆုံးသွားသည့် အသက်(၁၁)နှစ်အရွယ်မသန္တာဝင်းကို ပြီးခဲ့သည့် မတ်လ ၁၅ ရက်၊ ညနေ ၇ နာရီခန့်တွင်အိမ်နီးချင်းဖြစ်သူ ကိုခိုင်ကျော်လင်းနှင့် ကိုအောင်ခန့်ဇော်တို့ကရေခဲမုန့် ဝယ်ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်မသန္တာဝင်းကို မတ်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် မင်းဂံရပ်ကွက် အကွက် (၁၃)ရှိရထားသံလမ်းအောက်၌ အဓမ္မပြုကျင့်ခံထား၇သည့်လက္ခဏာများနှင့် ရိုက်နှက်ခံထားရ၍ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာများစွာရရှိကာ သတိမေ့မျောနေသည်ကိုလမ်းသွား၊ လမ်းလာများက တွေ့ရှိခဲ့ပြီး စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့၇သည်။

မသန္တာဝင်းဆေးကုသမှုခံယူနေစဉ် မတ်လ ၁၇ ရက်၊ နေ့လယ် ၂ နာရီကျော်တွင် စစ်တွေဆေးရုံ၌သေဆုံးသွားခြင်း ဖြစ်သည်။

စစ်တွေတွင်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံးအနီးလူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်းမှာလည်းဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မိသားစုဝင်များက တွေ့ရှိခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်ကလည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်း၏ အဆောင်တစ်ခုတွင် မုန့်လက်ကောက်ရောင်းနေသည့်ဆယ်ကျော်သက် အရွယ်အမျိုးသမီးငယ်တစ်ဦးမှာ ရက်စက်စွာအသတ်ခံခဲ့၇သည်။ (NN-12)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.