တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

AA မှ ကျောင်းသားလက်ရုံးတပ်တော်ကို အထူးတိုက်ခိုက်ရေးသင်တန်းပေး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

(သင်တန်းဆင်းပွဲဩဂုတ် ၂၈ ရက်က ကျင်းပပြုလုပ်)

 

ရက္ခိုင့်တပ်တော် (AA) မှ ကျောင်းသားလက်ရုံးတပ်တော်ကို အထူးတိုက်ခိုက်ရေး သင်တန်းပေးခဲ့သည်ဟု သတင်းရရှိသည်။

 

သင်တန်း ဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌  ကျင်းပပြုလုပ်ခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော်က သြဂုတ် ၃၀ တွင်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

၎င်းသင်တန်း၌ သင်တန်းသား ၆၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းသား ၅၈ ဦး သင်တန်း ဆင်းနိုင်ခဲ့သည်ဟု သိရသည်။ 



 

အခမ်းအနားတွင် သင်တန်းဆင်း တပ်သားစစ်ကြောင်းမှ   ချီတက်အလေးပြုခြင်း ၊ ကျောင်းသားလက်ရုံးတပ်တော်နှင့် ရက္ခိုင့်တပ်တော်မှ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း ပြုလုပ်ခဲ့ကြသည်ဟု ရေးသားထားသည်။ 

 

အခမ်းအနားသို့ မဟာမိတ်တပ်အသီးသီးမှအရာရှိ ၊ အရာခံများ နှင့် အကြပ်စစ်သည်များ လည်း တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

 

ရက္ခိုင့်တပ်တော် (AA) သည် ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသည့် အဖွဲ့အစည်းတချို့ကို လက်နက်အင်အားထောက်ပံ့ခြင်း၊ စစ်ဘက်ဆိုင်ရာသင်တန်းများပို့ချခြင်း စသည့် စစ်ရေးအကူအညီများပေးပို့လျက်ရှိကြောင်း သိရသည်။(NN-7)

 

(ဓာတ်ပုံ- ကျောင်းသားလက်ရုံးတပ်တော်)

ဆက်စပ် သတင်းများ