စစ်တွေမြို့၊ကျောင်းတက်လမ်းရပ်ကွက်၊ ကုန်သည်လမ်းရှိ ဆရီ ဆရီ ဂိုက် ဂေါ်ဘာရီဟိန္ဒူဘုရားကျောင်းတွင် ဟိန္ဒူလူမျိုးများ၏ ဆုတောင်းပွဲနှင့်လက်ချည်ပွဲကို ၂ရက်ကြာ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါပွဲကို မြန်မာနိုင်ငံလုံးဆိုင်ဟိန္ဒူသာသနာရေးဗဟိုအဖွဲ့ချုပ်က ကြီးမှုးကျင်းပကာ သြဂုတ်လ ၃၀ ရက်၊ ညမှယနေ့ သြဂုတ်လ ၃၁ ရက်၊ နံနက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။
အဆိုပါပွဲသို့စစ်တွေအပါအဝင် အနယ်နယ်အရပ်ရပ်မှ ဟိန္ဒူလူမျိုး ၁၀၀ ကျော် တက်ရောက်နေကြသည်ဟုသိ၇သည်။
မြန်မာနိုင်ငံလုံးဆိုင်ဟိန္ဒူသာသနာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှရွှေက "ပြုလုပ်ရတာအဓိက ရည်ရွယ်ချက်ကတော့
ဆုတောင်းပွဲသို့တက်ရောက်လာသည့် ဟိန္ဒူလူမျိုးများကလိုရာဆုများကို တောင်းကြပြီး ဘာသာရေးဆရာက တက်ရောက်လာသူများကိုလက်ချည်ပေးခြင်းတို့အား ပြုလုပ်ပေးသည်။
ယင်းအပြင်တက်ရောက်လာသူများကို ယနေ့တွင် သက်သက်လွတ်ထမင်းဖြင့် ဧည့်ခံကျွေးမွေး လျက်ရှိသည်ဟုလည်းသိ၇သည်။
အဆိုပါပွဲကို နှစ်စဉ်ဝါခေါင်လပြည့်နေ့တိုင်း ကျင်းပတတ်ပြီး ပြီးခဲ့သည့်နှစ်များက စစ်ဘေးနှင့်ကိုဗစ်ကပ်ဘေးတို့ကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိ၇သည်။ (NN-10)