English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေကမ်းခြေတွင် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးငယ်အလောင်းတွေ့ရှိ
စက်တင်ဘာ ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :1460
ရခိုင် သတင်း
နိရဥ္စရာ၊ စက်တင်ဘာ ၁ / ၂၀၂၃
ရခိုင်ပြည်နယ်မြို့တော် စစ်တွေကမ်းခြေသဲသောင်ပြင်တစ်နေ
ရာတွင် စွန့်ပစ်ထားသည့်မွေးကင်းစကလေး
ငယ်တစ်ဦး၏ အလောင်းအားတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဝတ်ဗလာဖြင့်စွန့်ပစ်ခံထား၇သည့် မွေးကင်းစကလေးငယ်မှာ ယောကျာ်းလေးဖြစ်ပြီး အလောင်းကို ယနေ့ စက်တင်ဘာ ၁ ရက်၊ နံနက်ပိုင်းက စစ်တွေဒေသခံအမျိုးသားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါကလေးငယ်အလောင်းကို စစ်တွေပွိုင့်ကမ်းခြေအနောက်ဘက်
ရှိ ဘာဆာရွာသို့သွားသည့်လမ်း ကမ်းခြေဘက်တွင်တွေ့ရှိသည်ဟု သိရကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း
ဥက္ကဋ္ဌ ကိုလင်းလင်းက ပြောသည်။
"အလောင်းတွေ့တယ်လို့တော့ကြားထား
တယ်။ အနောက်စံပြဖက် ဘာဆာရွာဖက်သွားတဲ့လမ်းမှာတွေ့
တယ်လို့တော့ ကြားထားရတယ်" ဟု ပြောသည်။
နောက်ထပ်စစ်တွေဒေသခံတစ်ဦးကလည်း ကလေးငယ်၏အလောင်းကို စစ်တွေကမ်းခြေတွင်တွေ့ရှိသည်ဟု
ကြားရကြောင်း ပြောသည်။
လက်ရှိတွင် အဆိုပါအလောင်းအား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက သွားရောက်သယ်ဆယ်နေပြီဟု သိရသည်။
စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အကွက် ၄ နှင့် ၅ ကြား (င)လမ်း နောက်တန်းရှိ ချုံပုတ်အနီးမှမြက်ခင်းတွင်လည်း စွန့်ပစ်ထားသည့်မွေးကင်းစကလေး
ငယ်တစ်ဦးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နံနက်တွင် အနီးအနား၌ ကစားနေကြသည့်ကလေးငယ်အချို့က တွေ့ရှိခဲ့သည်။
အဆိုပါကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး အသက်ရှင်လျက်ရှိတွေ့ရှိခဲ့ခြင်း
ဖြစ်သည်။ (NN-23)
ပုံစာ - စစ်တွေကမ်းခြေတွင်တွေ့ရှိခဲ့သည့်
မွေးကင်းစကလေးငယ်၏ရုပ်အလောင်းအာ
းတွေ့၇စဉ်။ (ဓာတ်ပုံ - Ye Zaw)
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.