ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်ကျေးရွာများနှင့် တောတောင်အနီးတို့တွင် စစ်ကောင်စီကမိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များအား ရှင်းလင်းပေးမှု တစ်စုံတစ်ရာမရှိဘဲစစ်ဘေးရှောင်များကို နေရပ်ပြန်ပို့ရန် ထပ်မံစီစဉ်နေသည်ဟု သိရသည်။
နေရပ်ပြန်ပို့ရန်စီစဉ်ခံနေရသည့် စစ်ဘေးရှောင်စခန်းများမှာကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာ စစ်ဘေးရှောင်စခန်းနှင့်နေပူခံစစ်ဘေးရှောင်စခန်းတို့ဖြ
ယင်းသို့စီစဉ်နေမှုအပေါ် ပြီးခဲ့သည့်သြဂုတ်လ ၃၀ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်စစ်ကောင်စီတပ်သားများက အဆိုပါစခန်းများသို့လာရောက် အသိပေး ပြောကြားခဲ့ခြင်းဖြစ်သည်
ကဝိရတနာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက"နေရပ်ပြန်ဖို့ စီစဉ်နေတယ်ဆိုပြီးတော့ ဌာနဆိုင်ရာကလာပြောပါတယ်။ ကုလားတန်မြစ်အနောက်ဘက်ကမ်းက ရွာ
အဆိုပါစခန်းနှစ်ခုရှိစစ်ဘေးရှောင်တို့မှာ ကုလားတန်မြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများမှစစ်ဘေးရှောင်များဖြစ်ကြသည်ဟု သိရသည်။
ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ်တင်းမ၊ ဝက်မကျ၊ လောင်းရှည်၊ အောက် မွန်ထောင့်နှင့် ပလက်၀မြို့နယ်ပွီးချောင်း၀၊ နှမဒါ၊ ကြက်ယက်ကိုင်း၊ အထက်မွန်ထောင့်ကျေးရွာတို့မှအိမ်ထောင်စု ၂၅၅ စု၊ လူဦးရေ ၁၀၆၆ ဦးနေထိုင်ကြသည်။
အလားတူနေပူခံစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ်၊ တင်းမ၊ပြိုင်းတိုင်းအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ အိမ်ထောင်စု ၂၀၀ကျော်နှင့် စုစုပေါင်းလူဦးရေ ၂၀၀၀ ကျော်ခန့် နေထိုင်ကြသည်။
ယခုနေရပ်ပြန်ခိုင်းသည့်ကျေးရွာ
ကဝိရတနာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ဒေါ်အေးဆန်းကလည်း နေရပ်ပြန်သွားပါက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကိုစိုးရိမ်သလို မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းမျ
"တိုက်ပွဲမဖြစ်တော့ဘူးလို့ ကျွန်မတို့ပြောလို့မရဘူး။ ဘယ်အချိန်ထဖြစ်မယ်ဆိုတာ ဘယ်သူမှ ခန့်မှန်းလို့လည်းမရဘူး။ ပြီးတော့ရွာအနီးအနားတွေမှာ တိုက်ပွဲတွေဒီလောက်ဖြစ်ခဲ့တာ။ မိုင်းနဲ့စစ်လက်နက်တွေကျန်မနေဘူးလို့ ပြောလို့လည်းမရဘူး" ဟု ပြောသည်။
နေရပ်ပြန်ပို့မည်ဆိုလျှင် စစ်ကောင်စီတပ်စခန်းများအားရုပ်သိမ်းပေးရန်နှင့် မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကိုအရင်ရှင်းလင်းပေးစေရန် တောင်းဆိုချင်သည်ဟု သူမက ပြောကြားသည်။
စစ်ကောင်စီကနေရပ်ပြန်မည့် စစ်ဘေးရှောင်အိမ်ထောင်စုတစ်စုလျှ
ပြီးခဲ့သည့် မတ်လအတွင်းကလည်းကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်းနှင့်သိမ်ကျောင်းစစ်ဘေးရှောင်စခန်းတို့
အလားတူ မတ်လ ၃ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်စစ်ဘေးရှောင်စခန်းကို
ပြီးခဲ့သည့်ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့အတွင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးများသည်ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများသို့သွား
နေရပ်ပြန်ပို့ခံရပြီးနောက် စစ်ကောင်စီကရပ်ရွာအနီး စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများအား ရှင်းလင်းမပေးသေးသည့်အပြင်ကျေးရွာအနီး တပ်စွဲထားခြင်းတို့ကြောင့် နေရပ်ပြန်စစ်ဘေးရှောင်များလွတ်လပ်စွာသွားလာလုပ်စားခြင်း
ရခိုင်တွင်စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့သည် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ခုနှစ်တို့တွင်ဖြစ်ပွားခဲ့သည့်
ဓာတ်ပုံ -စားဝတ်နေရေးအခက်အခဲကြောင့် တောင်ပေါ်၌ ရာသီစာများရှာဖွေရန် သွားလာနေကြသည့်ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား တွေ့၇စဉ်။