၇ခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လနှင့် သြဂုတ်လတို့အတွင်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃၃ ဦးအထိရှိခဲ့သည်ဟု နိရဥ္စရာသတင်းဌာနက ကောက်ယူထားသည့်အချက်အလက်များအ၇ သိ၇သည်။
ယင်းအထဲတွင်သြဂုတ်လအတွင်း ရေနစ်သေဆုံးသူ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၅ဦးရှိခဲ့ပြီး ဇူလိုင်လအတွင်းတွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၃ဦး၊ နှစ်လအတွင်း စုစုပေါင်း ၃၃ ဦးတို့ဖြစ်သည်။
အဆိုပါရေနစ်သေဆုံးသူများမှာအသက်(၅)နှစ်မှ (၅)နှစ်အထက် ကလေးငယ်များ၊ သက်လတ်ပိုင်းအရွယ်များနှင့်သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။
ယခုရေနစ်သေဆုံးသူအမျိုးသားအများစုမှာ ပိုက်ချ၊ ငါးရှာသွားရာမှ ရေနစ်သေဆုံးခဲ့သည်ကိုအများအားဖြင့်တွေ့၇သည်။
အလားတူ ရေလမ်းကိုသာအဓိကအသုံးပြုကြ၇သည့်ဒေသများတွင် အမျိုးသမီးများမှာလည်း စက်လှေများဖြင့် မိုးကြီးလေကြီးထဲဈေးရောင်း၊ ဈေးဝယ်သွားရာ၌ စက်လှေနစ်မြုပ်၍ ရေနစ်သေဆုံးသည်ကိုတွေ့၇သည်။
စစ်တွေမြို့ခံတစ်ဦးက"နယ်ဘက်တွေမှာကစားဝတ်နေရေးအတွက် ဈေးရောင်းဈေးဝယ်သွားတာ၊ ငါးဟင်းမရှိလို့ဆိုပြီးငါးဖမ်း၊ ဖားရှာသွားရင်းရေနစ်သေဆုံးကြတာ
ယင်းအပြင် ရခိုင်တွင်ခရီးသွားလာရာ၌လည်း ရေလမ်းကြောင်းများကို အဓိက အားထားရသောကြောင့်နှစ်စဉ်နှစ်တိုင်း ရေနစ်သေဆုံးသူများစွာရှိနေပြီး ခရီးသွားလှေများ၊မော်တော်ဘုတ်များ၊ အမြန်ရေယာဉ်များတွင် အသက်ကယ် အင်္ကျီအဆင်သင့်ယူဆောင်မှုမှာ အလွန်နည်းပါးနေသည်ကို တွေ့၇သည်ဟု ဒေသခံ ခရီးသွားများကပြောသည်။
ယခုနှစ်လအတွင်းရေနစ်သေဆုံးသွားသူများတွင် ကလေးသူငယ်များလည်း အများအပြားဝင်သည်။
ကလေးငယ်များရေနစ်သေဆုံးမှုမှာ အုပ်ထိန်းသူများတွင်များစွာတာဝန်ရှိပြီး မိမိကလေးများအား အသိပညာပေးခြင်းများနှင့်ရေကူးသင်တန်းများပေးထားရန်လို
"တစ်ချို့မိဘတွေက ကလေးကိုကျောင်းပို့လိုက်တယ်။သူတို့က ဝမ်းရေးအတွက်ရုန်းကန်ကြ၇တယ်။ ကလေးတွေကို ဂရုမစိုက်အားကြဘူး။ကလေးတွေဆိုတာက ကလေးသဘာ၀ကျောင်းဆင်း ကျောင်းပြန်ပုံစံမျိုးစုံနဲ့ ဆော့ကစားကြတာပဲ။ အဲ့ဒါတွေကို မိဘတွေက သေချာစောင့်ကြပ် ဂရုစိုက်ဖို့လို
သြဂုတ်လ ၃၁ ရက်၊ နေ့လယ်ကလည်းစစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၈)အနီး စိုက်ပျိုးရေးခြံဝင်းအတွင်းရှိရေကန်တွင် ရေကူးရာမှ Grade – 6 ကျောင်းသားတစ်ဦးရေနစ်မြုပ်သေဆုံးခဲ့သေးသည်။
အလားတူ သြဂုတ်လ ၃၀ ရက်ကလည်းမင်းပြားမြို့နယ်၊ ကြောင်းရှည်ချောင်းကျေးရွာမှ Grade – 3 ကျောင်းသားတစ်ဦးသည် ဘောလုံးကစားရာမှဘတ်ဟိုးဖြင့်တူးထားသည့်ကျင်းထဲ
၇ခိုင်တွင် အဆိုပါနှစ်လအတွင်းသေဆုံးသူများတွင် သတင်းမီဒီယာများနှင့် လက်လှမ်းမမီသည့်ဒေသများမှနောက်ထပ် ရေနစ်သေဆုံးသူများလည်း ရှိနေနိုင်သေးသည်ဟု သိ၇သည်။ (NN-12)