(ယင်းအနက် ယောကျာ်းလေး၁ ဦးနှင့် မိန်းကလေး ၂ ဦးကို ဆေးရုံတင်လိုက်၇)
ရခိုင်ပြည်နယ်၊သံတွဲမြို့တွင်ကျင်းပနေသည့် ကျောင်းပေါင်းစုံဘောလုံးပြိုင်
မူးမေ့သွားသူများမှာ သံတွဲမြို့နယ်၊ကင်းမော် အ.ထ.က အသင်းမှ အသင်းသားများနှင့် လာရောက် အားပေးကြသူများအထဲမှယောကျာ်းလေး ၂ ဦးနှင့် မိန်းကလေး ၂၀ ဦး၊ စုစုပေါင်း ၂၂ဦးဖြစ်သည်။
ယမန်နေ့ စက်တင်ဘာလ ၁ရက်၊ ညနေပိုင်းက သံတွဲမြို့ရှိ မြို့နယ်အားကစားကွင်းတွင် ကင်းမော် အ.ထ.ကအသင်းနှင့် ဂျိတ္တောအ.ထ.က အသင်းတို့ ဆီးမီးဖိုင်နယ်ယှဉ်ပြိုင်ခဲ့ကြ
ယင်းယှဉ်ပြိုင်ရာသို့သွားရောက်
ကားပေါ်၌လူပြည့်ကျပ်ကာ ဘောလုံးကန်ထားသည့် အပူဒဏ်နှင့်ရောပြီး မူးမေ့သွားကြခြင်း ဖြစ်သည်ဟုသံတွဲမြို့မှ မြို့ခံတစ်ဦးက ပြောသည်။
"မနေ့က ဘောလုံးကန်ကြတာနေပူတယ်။ အပူဒဏ်နဲ့ဖြစ်တာပေါ့။ ပွဲစဉ်တွေကလည်း ဆက်နေတာ။ လူတွေကလည်းကျိတ်ကျိတ်တိုးနေတာ။ ဒုတိယပွဲပြီးလို့ အိမ်ပြန်ကြတာ။ အဲ့ဒါ ရွာရောက်မှဖြစ်တာပါ"ဟု ပြောသည်။
မူးမေ့သူ ၂၀ကျော်အနက် ယောကျာ်းလေး ၁ ဦးနှင့် မိန်းကလေး ၂ ဦးကို ယမန်နေ့ည၁၀ နာရီက သံတွဲမြို့ဆေးရုံသို့ ညတွင်းချင်းတင်လိုက်၇ပြီး ညဉ့် ၁၂နာရီကျော်တွင် သတိပြန်ရလာခဲ့သည်ဟု သိရသည်။
သံတွဲမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "စိုးရိမ်ရတာတော့ မရှိပါဘူး။ မနေ့က ညဆယ်နှစ်နာရီကျော်အထိ ဆေးရုံမှာရှိခဲ့တယ်။ ပြန်ကောင်းသွားလို့ အကုန်လုံး အိမ်ပြန်ရောက်နေကြပါပြီ"ဟု ပြောသည်။
ယမန်နေ့က အ.ထ.က ကင်းမော်အသင်းနှင့်အ.ထ.က ဂျိတ္တောအသင်း ဆီမီးဖိုင်နယ်ပွဲကစားကြရာတွင် အ.ထ.က ဂျိတ္တောအသင်းကအ.ထ.က ကင်းမော်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်ဟုသိ၇သည်။
သံတွဲမြို့နယ်မှအခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်
ပြီးခဲ့သည့် သြဂုတ်လ၂၁ ရက်၊ နံနက်ကလည်း မြောက်ဦးမြို့နယ်၊ (ကုလားပုန်း) ညောင်ပင်လယ် ကျေးရွာအထက်တန်းကျောင်းခွဲမှ Grade- 9 ကျောင်းသူ၄ ဦးမှာ ကျောင်းစာသင်ခန်းထဲရုတ်တရက်အသက်ရှူကျပ်၍ ဆေးရုံတင်လိုက်ရသည်ဟု သိရသည်။
မည်သည့်ရောဂါလက္ခာမှမရှိ၍နောက်တစ်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သိ၇သည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာ အထက်တန်းကျောင်းခွဲတွင်ကျောင်းသား၊ ကျောင်းသူ ၁၀ ကျော်သည် စာသင်နေရင်း ရုတ်တရက် အသက်ရှုမရမွန်းကျပ်လာသည့်အတွက် ဆေးရုံသို့ အရေးပေါ်တင်ခဲ့ရကြောင်း သိ၇သည်။ (NN-12)
ဓာတ်ပုံ- သံတွဲမြို့နယ် ကျောင်းပေါင်းစုံအမျိုးသားဘောလုံ
Photo - Credit