Preview

ရခိုင်အဆိုတော်ရိုက်ဒါ ဖမ်းဆီးခံရဟု သတင်းထွက်ပေါ်

စက်တင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :2443
ရခိုင် သတင်း

ရခိုင်အဆိုတော်ရိုက်ဒါသည်ပြီးခဲ့သည့်ရက်ပိုင်းက စစ်တွေတွင် ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

စက်တင်ဘာလ ၁ရက်၊ ညတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)ကဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်နေကြောင်း သူ၏နီးစပ်သူများက ပြောဆိုနေကြသည်။

ရိုက်ဒါသည် ပရဟိတ လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ပရဟိတငွေကြေး အလွှဲသုံးစား ပြုလုပ်မှုကြောင့် ဆိုဆုံးမရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟုလည်းသတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးULA နယ်မြေတာဝန်ခံများနှင့်တာဝန်ရှိသူအချို့ကို နိရဉ္စရာက ဆက်သွယ်မေးကြည့်သော်လည်း ယခုကိစ္စကိုမသိရှိဟု ဆိုသည်။

ဆက်လက်ပြီး ULA၏ ပြောခွင့်ရသူဦးခိုင်သုခကိုလည်း နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

သူ့ကိုမည်သည့်နေရာမှတဆင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည်ကိုလည်း လောလောဆယ် မသိရသေးဟု ဆိုကြသည်။

သူသည် စစ်တွေမြို့၊ကျေးတောပိုက်ဆိပ်ကျေးရွာတွင် မကြာမကြာနေထိုင်တတ်သည့်အတွက် ယင်းကျေးရွာမှတာဝန်ရှိသူအချို့နှင့် ဒေသခံအချို့ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းကြည့်သော်လည်းသူဖမ်းဆီးခံရသည်ကို မသိရှိဟု ပြောကြသည်။

သူ၏လက်ကိုင်ဖုန်းကိုနိရဉ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထား၍ အသေးစိတ်မသိရသေးပါ။ ဆက်လက်ပြီးသူ၏မိသားစုဝင်များကိုလည်း ဆက်သွယ်နေဆဲ ဖြစ်သည်။ သူ၏မိသားစုဝင်များ အပါအဝင် ကာယကံရှင်ဖြစ်သူနှင့်လည်း အဆက်အသွယ်မရသေး၍ ငွေကြေးအလွဲသုံးစားလုပ်၍ဖမ်းဆီးခံ၇သည်ဟု သတင်းထွက်ပေါ်နေမှု အပေါ်  နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

သူသည် မကြာသေးခင်ကလည်းသရုပ်ဆောင် မမဆောင်းတို့နှင့်အတူ မြန်မာလိုသီဆိုထားသည့် MTV သီချင်းတစ်ပုဒ်ကို ရိုက်ကူးထားပြီးမကြာမီရက်ပိုင်းအတွင်း ထုတ်လွှင့်သွားမည်ဟုသူ၏လူမှုကွန်ရက်တွင် စက်တင်ဘာလ ၁ ရက်၊ ညနေ ၆ နာရီကျော်ကတင်ခဲ့သေးသည်။ (NN-16)

ဓာတ်ပုံ - ရိုက်ဒါ၏လူမှုကွန်ရက်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.