(၈၄)နှစ်မြောက်ဆရာတော်အသျှင်ဥတ္တမနေ့ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စိမ်းပြာသဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းမှအသင်းသူ/သားများကစစ်တွေရှိ ဆရာတော်အသျှင်ဥတ္တမ ပန်းခြံတွင် သန့်ရှင်းရေးပြုလုပ်ခဲ့သည်ဟုသိ၇သည်။
စစ်တွေမြို့ အသျှင်ဥတ္တမပန်းခြံအတွင်းရှိအမှိုက်သရိုက်များကို ကောက်ယူသန့်ရှင်းရေး ပြုလုပ်ခဲ့သည်သာမက ဆရာတော်ရုပ်တုမှအညစ်အကြေးများကိုလည်း ဖယ်ရှားသန့်စင် ပေးခဲ့ကြကြောင်းသိ၇သည်။
အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက "သန့်ရှင်းရေးပြုလုပ်တာက ဆရာတော်ဦးဥတ္တမနေ့လည်း ရောက်တော့မယ်။ပန်းခြံထဲမှာလည်း အမှိုက်တွေရှိနေတော့ ကြည့်မကောင်းဘူးပေါ့။ ဒါနဲ့ပဲသန့်ရှင်းနေအောင်ဆိုပြီး ပြုလုပ်တာဖြစ်ပါတယ်" ဟု နိရဥ္စရာကို ပြောသည်။
(၈၄)နှစ်မြောက် ဆရာတော်အသျှင်ဥတ္တမနေ့တွင် ပန်းခြံအတွင်းသို့ လာရောက်လည်ပတ်သူများနှင့်ပန်းခွေလာချသူများ စိတ်ကြည်လင်လန်းဆန်းစေရန်အတွက် သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် စက်တင်ဘာလ ၃ ရက်၊ ညနေ၄ နာရီက ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းင ပြောဆိုသည်။
စိမ်းပြာ သဘာ၀ပတ်ကျင်းထိန်းသိမ်းရေးအသင်း
ဆရာတော်ဦးဥတ္တမသည်မြန်မာနိုင်ငံကို နယ်ချဲ့ အင်္ဂလိပ်လက်အောက်မှလွတ်မြောက်
ယင်းအပြင် ဆရာတော်သည်မြန်မာနိုင်ငံတွင် နိုင်ငံရေးအမှုနှင့် ပထမဆုံး အကျဉ်းကျခံခဲ့ရသည့်ရဟန်းတော်တစ်ပါးလည်း ဖြစ်ပြီး အင်္ဂလိပ်ဘုရင်ခံချုပ်ဆာရယ်ဂျီနယ် ကရက်ဒေါက်ကို မြန်မာနိုင်ငံမှ ထွက်သွားရန် စိန်ခေါ် နှင်ထုတ်ခဲ့သူလည်းဖြစ်သည်။
ထောင်မှလွတ်မြောက်လာပြီးနောက်ပိုင်းတွ
ဆရာတော်သည် ၁၉၃၉ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြိုနယ်၊ ညောင်တုန်းဘုန်းကြီးကျောင်း၌ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့သည်။
ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ်၇ခိုင်တစ်မျိုးသားလုံးက အသိအမှတ်ပြုကာ အောက်မေ့ဂုဏ်ပြု အခမ်းအနားများလည်းနှစ်စဉ်ကျင်းပကြသည်။ (NN-12)
ဓာတ်ပုံ - စိမ်းပြာသဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး