တရုတ်နိုင်ငံမှလွင့်တင်ထားသော အာကာသယာဉ်မှ မလိုအပ်သောပစ္စည်းအစိတ်အပိုင်း
အဆိုပါအစိတ်အပိုင်းများသည် စက်တင်ဘာလရ ရက်နေ့၊ ညဉ့် ၁၂ နာရီ ၅ မိနစ်တွင် သံတွဲမြို့၏ အနောက်တောင်ဘက် ၉၂မိုင် အကွာ၊ မာန်အောင်ကျွန်း၏ တောင်ဘက် ၁၀၅ မိုင် အကွာနှင့် ချောင်းသာမှ ၆၄မိုင်အကွာဝန်းကျင် ပင်လယ်ပြင်၌ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီကထုတ်ပြန်ထားသည်။
အဆိုပါအစိတ်အပိုင်းများကျရောက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။
ယခုကဲ့သို့ တရုတ်အာကာသယာဉ်များမှစွန့်ပစ်ပစ္စည်းများ စွန့်ပစ်မည့်အကြောင်းကို တရုတ်နိုင်ငံအစိုးရနှင့်စစ်ကောင်စီအစိုးရတို့ ကြိုတင်ထုတ်ပြန်သတိပေးမှုမရှိခဲ့
“အန္တရာယ်များမှာကတော့ ဒီဘက်မှာဆိုတော့ငါးဖမ်းသမားတွေ ပိုပြီးများတယ်လေ။ သွားလာနေကြတယ်။ အဲဒါတွေရှိတယ်။နောက်ပိုင်းဆို အရမ်းသတိထားလာရမယ်။ အစိုးရဘက်ကလည်း သတင်းအချက်အလက်လည်းမရဘူးပေါ့လေ။ ပြောရမယ်ဆိုရင် သတင်းအချက်အလက်မရ၊ တရုတ်ကလည်းသူတို့ချက်ချင်းသိတယ်ဆိုရင် သူတို့ကိုယ်တိုင်လည်း သတင်းအချက်ပေး၇မယ်လေ။ဆိုတော့ ကျနော်တို့ တွေးကြည့်သလောက်ကတော့ ဒီဟာတွေဟာ လုံး၀ကိုပြုတ်ကျလာပြီးမှ သူတို့ဟာ သတင်းအချက်အလက် တွေကိုပေးတာဖြစ်
ဘင်္ဂလားပင်လယ်အော်နှင့်အိန္ဒိယသမုဒ္ဒရာသည် တရုတ်အာကာသယာဉ်များ၏ အပိုင်းအစဟေ
ယင်းသို့ကျရောက်လာသည့် စွန့်ပစ်ပစ္စည်းများတွင်ရေဒီယိုသတ္တိကြွပစ္စည်းများလည်း ပါဝင်လာသည့်အတွက် ပင်လယ်ပြင်ကိုညစ်ညမ်းစေသလို ပင်လယ်တွင်းရှိ ရေနေသတ္တဝါများနှင့် ဂေဟစနစ်ကိုလည်းထိခိုက်ပျက်စီးစေနိုင်သည်ဟုလည်း သိ၇သည်။
ပြီးခဲ့သည့် သြဂုတ်လ၂၁ ရက်၊ ညဉ့် ၁၂ နာရီခွဲခန့်ကလည်း တရုတ်နိုင်ငံမှ လွှင့်တင်ထားသည့်အာကာသယာဉ်မှ မလိုအပ်သော စွန့်ပစ်ပစ္စည်း အစိတ်အပိုင်းများသည်လည်းမာန်အောင်ကျွန်း၏ တောင်ဘက် ၁၀၄ ကီလိုမီတာ၊ ဂွမြို့နယ်၏အနောက်ဘက် ၆၆ ကီလိုမီတာအကွာ ပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအာကာသယာဉ်မှ မလိုအပ်သည့်စွန့်ပစ်ပစ္စည်းများ ရခိုင့်ပင်လယ်ပြင်တွင်မကြာခဏဆိုသလိုကျရောက်နေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၂၆ ရက်၊ မတ်လ ၂ ရက်၊ ဧပြီလ ရ ရက်နှင့် ၁၃ ရက်တို့ကလည်း ရခိုင့်ပင်လယ်ပြင်အတွင်းကျရောက်ခဲ့ဖူးသည်။
အလားတူ ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဇီဇင်ဘာလ ၆ ရက်နှင့် ၁၂ ရက်တို့ကလည်း ရခိုင့်ပင်လယ်ပြင်သို့ကျရောက်ခဲ့ဖူးသည်။