ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာအခြေစိုက်The Luther World Federation (LWF)အဖွဲ့လက်အောက်ခံ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ LWF ရုံးမှ လစာအပြည့်ပေးရန်တောင်းဆိုသည့် မြန်မာဝန်ထမ်း ၈၀ သည် အလုပ်ထုတ်ခံလိုက်ရကြောင်း သိ၇သည်။
ရုံးဝန်ထမ်းများရရှိမည့် လစာကို စာချုပ်တွင်ချုပ်ဆိုခဲ့သည့်အတို
အဆိုပါအဖွဲ့တွင် ဝန်ထမ်းအားလုံး ၉၀ ကျော်ကို ယူရိုငွေဖြင့် လစာပေးရန် သဘောတူ လက်မှတ်ထိုးထားသော်လည်း နိုင်ငံခြားသား ဝန်ထမ်းများက ယူရိုငွေနှင့်လစာယူကြပြီး မြန်မာဝန်ထမ်းများကို တစ်ယူရိုလျှင် ကျပ် ၂၂၀၀ နှုန်းဖြင့် ပေးနေသည့်အတွက် မြန်မာဝန်ထမ်းများတွင် နစ်နာကြရသည်ဟု ဆိုသည်။
LWF ကာကွယ်စောင့်ရှောက်ရေးစီမံကိန်း
အလုပ်ထုတ်ခံ၇သူများတွင် အမျိုးသမီး ၃၇ ဦးနှင့် အမျိုးသား ၄၃ ဦးပါဝင်ပြီး ယင်းအထဲတွင် ကိုယ်ဝန်ဆောင် ၄ ဦးနှင့် နို့တိုက်မိခင် ၄ ဦးပါဝင်သည်ဟု ဆိုသည်။
ယခုကဲ့သို့ ဝန်ထမ်းများ၏တောင်းဆိုချက်များ
"အစ်မတို့ သြဂုတ်လကလစာကို စစ်တွေအသံတိတ်ဆန္ဒပြနေတဲ့ရုံး
မြန်မာကျပ်ငွေမှာ တစ်နေ့ထက် တစ်နေ့ တန်ဖိုးကျဆင်းနေသည့်အတွက် မြန်မာဝန်ထမ်းများမှာ ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲနှုန်းအတိုင်းပေးရန် တောင်းဆိုခဲ့သည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီ ဖြစ်ကြောင်းလည်း ဝန်ထမ်း များက ပြောသည်။
စစ်တွေ LWF ရုံးမှ ဝန်ထမ်းအမျိုးသားတစ်ဦးကလည်း “ကျနော်တို့ဝန်ထမ်းတွေက ကိုဗစ်ဖြစ်တုန်းကလည်း အလွန်တရာဒုက္ခမျိုးစုံနဲ့ ကျနော်တို့လုပ်ငန်းတွေကို အောင်မြင်အောင် သတ်မှတ်ထားတဲ့ကာလအချိန်အတွင်း
အဆိုပါ LWF အဖွဲ့မှာ ရခိုင်ပြည်တွင် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ အမ်းနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နိုင်ငံတကာ INGO အဖွဲ့အစည်းတစ်ခုဖြစ် ကြောင်း သိရသည်။ LWF အဖွဲ့မှ တာဝန်ရှိသူများအား အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြနိုင်ခြင်းမရှိသေးပါ။
အဖွဲ့လုပ်ငန်းများ လည်ပတ်ရန်အတွက် EU/ UNHCR/UNICEF/ Norwegian Refugee Council နှင့် Canadian LutheranWorld Relief စသည့် အဖွဲ့စည်းပေါင်း ၁၆ ခု၏ အလှူငွေများဖြင့် လုပ်ဆောင်နေခြ
ဝန်ထမ်း ၈၀ အလုပ်ထုတ်ခံလိုက်ရသည့် စစ်တွေရုံးခွဲမှာ စစ်တွေမြို့၊ မြောက်စံပြရပ်ကွက်၊ သစ္စာလမ်းတွင် ရှိသည်ဟု သိ၇သည်။ (NN-11, NN-14)
Photo – LWF