Preview

မောင်တောတွင် လက်နက်နှင့်အတူထွက်ပြေးသည့် နယ်ခြားစောင့်ရဲတပ်သားတစ်ဦးနှင့် လိုက်ဖမ်းသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပစ်ခတ်မှုအချို့ရှိခဲ့

စက်တင်ဘာ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :2975
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်နယ်ခြားစောင့်ရဲတပ်သားတစ်ဦးသည် လက်နက်နှင့်အတူ ထွက်ပြေးသွားပြီးနောက်သူ့ကိုလိုက်ဖမ်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထွက်ပြေးသွားသည့်နယ်ခြားစောင့်ရဲတပ်သားမှာဘူးသီးတောင်-မောင်တောကားလမ်းပေါ်ရှိ ၆ မိုင်စစ်ဆေးရေးဂိတ်မှ ရခိုင်အမျိုးသားလူငယ်ပိုင်းတစ်ဦးဖြစ်သည်ဟု မောင်တောမြို့ခံတစ်ဦးကပြောသည်။

သူသည် ယမန်နေ့စက်တင်ဘာ ရ ရက် ညအချိန်ကပင် ထွက်ပြေးသွားဟန်တူပြီး သူ့ကိုလိုက်ဖမ်းသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တို့အပြန်အလှန်ပစ်ခတ်မှုများမှာ ယနေ့ စက်တင်ဘာလ ၈ ရက်၊ ညဉ့်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်နက်တွေပါသွားတယ်။ထွက်ပြေးတာက မနေ့ညကနေထွက်ပြေးတာလို့ သိရတယ်။ ပစ်ကြ၊ ခတ်ကြတာကတော့ဒီကနေ့မနက်အစောကြီးညဉ့်အချိန်လို့ ပြောရမှာပေါ့”ဟု ပြောသည်။

စစ်ကောင်စီတပ်ဘက်ကဆက်လက်ပြီး အင်အားဖြည့်ကာ လိုက်လံရှာဖွေနေကြဆဲဖြစ်သည်ဟု သိရသည်။

ထွက်ပြေးသွားသူကိုဖမ်းမိရန် မလွယ်ကူတော့ကြောင်းလည်း အထက်ပါ ဒေသခံက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကလည်းပစ်ခတ်မှုအချို့ဖြစ်ခဲ့သည်ကို ကြားသိရသော်လည်း အသေးစိတ်ကို အတိအကျမသိ၇သေးဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ၃ ရက်၊ ညအချိန်ကလည်း မောင်တောမြောက်ပိုင်း ငါးခူရကျေးရွာတွင်ရှိသည့်နခခ(၇) လက်အောက်ခံ နယ်မြေ (၅) နယ်ခြားစောင့်ရဲစခန်းမှ စခန်းမှူးအပါအဝင် အရာရှိ ၃ ဦးတို့သည် ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ၆ ရက်ကလည်း မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ်နယ်ခြားစောင့် ရဲစခန်းမှသင် တန်းဆင်းခါစ ရဲဝန်ထမ်း ၄ ဦး လက်နက်များနှင့်အတူ ထွက်ပြေးမှုဖြစ်ပွားခဲ့သည်ဟုသိ၇သည်။ (NN-16)

ဓာတ်ပုံ -နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အချို့ကို မောင်တောမြို့တွင် ၂၀၁၆ ခုနှစ်ကတွေ့၇စဉ်။

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.