Preview

သံတွဲတွင် လျှပ်စစ်မီတာခ ကျပ် ၂ သိန်းကျော်လျှင် ဘဏ်၌ တိုက်ရိုက်သွားရောက် ပေးသွင်းရမည်ဟု ထုတ်ပြန်

စက်တင်ဘာ ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :1411
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် လျှပ်စစ်မီတာခ ကျပ် ၂ သိန်းအထက်ကျော်လျှင် ဘဏ်၌ ချက်လက်မှတ် (သို့မဟုတ်) ဘဏ်ငွေပေးအမိန့်  Payment Order-PO များဖြင့်ေးသွင်းရမည်ဟုလျှပ်စစ်ဓာတ်အားစွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းက အသိပေးထုတ်ပြန်လိုက်သည်။

သံတွဲမြို့နယ်ရှိလျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဓာတ်အားခပေးဆောင်ခြင်းနှင့်ပတ်သက်၍ကျပ် ၂ သိန်းအထိ ဓာတ်အားခများကို ငွေကောက်ကောင်တာများတွင် ငွေသားဖြင့်ပေးဆောင်၇မည် ဖြစ်ပြီး ကျပ် ၂ သိန်းအထက်ဓာတ်အားခများကို ဘဏ်၌ပေးသွင်းရမည်ဟု ယခုရက်ပိုင်းထုတ်ပြန်သည့်အဆိုပါအသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးသုံးစွဲသူများအနေဖြင့်ဘဏ်တွင် Payment Order-PO ဖြင့် ဓာတ်အားခပေးသွင်းရန် အခက်အခဲရှိပါက"လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးတွင်ဘဏ်ငွေသွင်းချလံရယူပြီး မီးသုံးစွဲသူကိုယ်တိုင် ဘဏ်သို့သွားရောက် ပေးသွင်း၇မည်" ဟုလည်းအသိပေးထုတ်ပြန်ထားသည်။

သံတွဲမြို့ခံကိုတိုးလေးက "မီတာခက သတ်မှတ်ရက်အတွင်းသွားဆောင်၇တဲ့အခါ ကြန့်ကြာတာတွေ ရှိတယ်။ ဒီဘဏ်မှာသွားဆောင်ရမယ်ဆိုရင်လည်း ပိုက်ဆံထုတ်တာတို့နဲ့ ကျန်တဲ့ငွေရေးကြေးရေး ကိစ္စတွေနဲ့ ကြန့်ကြာမယ်လို့တော့ထင်တယ်။ဒါပေမဲ့ သူတို့က ဘယ်လို ကဏ္ဍခွဲပေးထားမယ်တော့ မသိဘူးဟုပြောသည်။

 

ငွေကျပ် ၂ သိန်းကျော် လျှပ်စစ်ဓာတ်အား သုံးစွဲသူများမှာလုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက် လုပ်ကိုင်သူများဖြစ်၍ ဘဏ်တွင် သွားသွင်းလျှင်လည်းအဆင်ပြေနိုင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။



 

 “ နှစ်သိန်းကျော်အထက်မှာသုံးစွဲတဲ့သူတွေက လုပ်ငန်းပိုင်ဆိုင်ရာတွေလုပ်ဆောင်နေသူမို့လို့အလုပ်သမားတွေကိုသွားသွင်းခိုင်းလည်းအဆင်ပြေတယ်။ နှစ်သိန်းကျော်အထက် သုံးတဲ့သူတွေကသာမန်ထက် အလတ်တန်းစားအဆင့်ဆိုတော့ သူတို့အိမ်ကအလုပ်သမားသော်လည်းကောင်းသွားသွင်းခိုင်းရင်တော့ အဆင်ပြေမယ်လို့ထင်ပါတယ်" ဟု ပြောသည်။

ယင်းအပြင် အဆိုပါထုတ်ပြန်ချက်တွင်နိုင်ငံတော်ဗဟိုဘဏ်၏ အသိအမှတ်ပြုဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏Online/Mobile Banking/ Application များဖြင့် ဓာတ်အားခပေးချေခြင်းဆောင်ရွက်နိုင်သလို မီးသုံးစွဲသူများအနေဖြင့်လည်းဘဏ်တွင် စာရင်းဖွင့်လှစ်ပြီး လစဉ်ကျသင့်သော ဓာတ်အားခများကိုဘဏ်စာရင်းမှ နှုတ်ယူပေးသွင်းသည့် စနစ်ဖြင့်လည်း ပေးဆောင်နိုင်သည်ဟုလည်းဖော်ပြပါရှိသည်။ 

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.