Preview

AA နှင့် အပစ်ရပ်ထားသော်လည်း စစ်တွေဒေသခံ ၂ ဦးကို AA ဟု စွပ်စွဲကာ စစ်ကောင်စီတရားရုံးက ထောင် ၂ နှစ်စီချ

စက်တင်ဘာ ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :6089
ရခိုင် သတင်း

ရက္ခိုင့်တပ်တော် (AA) နှင့်စစ်ကောင်စီတို့ အကြား နားလည်မှုဖြင့် အပစ်ရပ်ထားသော်လည်း စစ်တွေမြို့နယ်မှ ဒေသခံ ၂ ဦးကို AA နှင့်ဆက်စပ်သည်ဟု ဆိုကာ စစ်ကောင်စီတရားရုံးတစ်ခုက  ထောင်ဒဏ် ၂နှစ်စီချမှတ်ခံလိုက်ရသည်ဟု သိ၇သည်။

ထောင်ဒဏ်ချမှတ်ခံလိုက်၇သူများမှ စစ်တွေမြို့နယ်၊ဗျိုင်းဖြူရွာကျေးရွာမှ ဦးဘသိန်း(၅၇)နှစ်နှင့် စစ်တွေမြို့နယ်သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ်(ခေါ်) မောင်မောင်ခင် (၅၀) နှစ်တို့ဖြစ်သည်။

သူတို့ကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်၊နေ့လယ်ပိုင်းတွင် စစ်တွေမြို့နယ်တရားရုံးက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ၅၀၅(က)ဖြင့် တစ်ဦးလျှင် ထောင် ၂ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့်သူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သူတို့ကို AA နဲ့ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းတာ။ အဲဒါကို ၁၇(၁)နဲ့စွဲ၇မယ့် အစား နိုင်ငံတော်ကိုဆူပူအောင်လုပ်တယ်ဆိုပြီး ၅၀၅(က)နဲ့ စွဲပြီး အခုလို ထောင်ချလိုက်တာပါဟု ပြောသည်။

သူတို့နှစ်ဦးသည် ၇ခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလဖြစ်သည့်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့၇ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်က စစ်တွေ၌ စစ်ကောင်စီရေတပ်အရာရှိ ၁ဦးနှင့် တပ်သား ၁ ဦးတို့ကို AA က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီကလည်း စစ်တွေမှအရပ်သား ၂၁ ဦးကို ဖမ်းဆီးခဲ့ရာတွင်သူတို့ ၂ ဦးလည်း ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးခံခဲ့ရသူများအနက် အချို့မှာယင်းအချိန်ကပင် လွတ်မြောက်သွားခဲ့သူများလည်းရှိသလို လက်ရှိအချိန်ထိ AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံနေရသေးသူများလည်း ရှိနေသေးသည်ဟု သိ၇သည်။

ရခိုင်တွင် လက်ရှိအချိန်ထိ AA နှင့်ဆက်စပ်သံသယဖြင့်တရားခံနေ၇သူ ၁၀၀ ကျော် ရှိနေသေးသည်ဟုလည်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့စာရင်းအရသိ၇သည်။ (NN-16)

#AA#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.