Preview

မိုခါကြောင့်ပျက်စီးသွားသည့် စစ်တွေ ဝါဘိုရွာမှ ရခိုင်ရိုးရာရက္ကန်းလုပ်ငန်း ပြန်လည်ရပ်တည်ရန် ငွေကြေးအရင်းအနှီးလိုအပ်နေ

စက်တင်ဘာ ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :2488
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတွင် မိုခါမုန်တိုင်းကြောင့် ရခိုင်ရိုးရာအထည်များ ထုတ်လုပ်နေသည့် ရက္ကန်းစင်များအားလုံး ပျက်စီးသွားပြီးလုပ်ငန်းပြန်လည်ထူထောင်ရန် ငွေကြေး အရင်းအနှီးများ အခက်ခဲဖြစ်နေကြောင်း သိရသည်။

ရက္ကန်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသည့် ဝါဘိုကျေးရွာတွင် မိုခါမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့်အိမ်များနှင့် ရက္ကန်းစင်များပျက်စီးသွားသည့်အတွက် ပြန်လည်ရပ်တည်ရန်ငွေကြေးအရင်းအနှီးလိုအပ်သည်ဟု ဝါဘိုကျေးရွာမှ ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူမခင်မြတ်သူက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"ရက္ကန်းတွေပျက်၊ အိမ်တွေပျက်တော့ရက္ကန်းတွေမကျန်ခဲ့တော့ဘူး။ စိုက်လုပ်ဖို့က သူတို့မှာ အရင်းမရှိဘူး။ကျမတို့ ရက္ကန်းသည်တွေကလည်း အကုန်လုံးကိုစိုက်ထုတ်ပေးဖို့မတတ်နိုင်ဘူး။ပြန်လို့အဆင်ပြေဖို့ဆိုရင် ထောက်ပံ့ကြေးပေးရန်ပိုကောင်းတယ်" ဟုပြောသည်။

ပျက်စီးသွားသည့်ရက္ကန်းစင်များကို တတ်နိုင်သူများက ပြန်လည်ပြုပြင်မွမ်းမံနိုင်သော်လည်းအဆင်မပြေသူများတွင် ရပ်တည်ရန်ခက်ခဲနေသည်ဟု ဝါဘိုကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

"လက်ရှိကတော့ စလုပ်တဲ့သူကစလုပ်နေကြပါပြီ။ မလုပ်တဲ့ကတော့ မလုပ်နိုင်ကြသေးပါဘူး။ မိုခါကြောင့်ရက္ကန်းစင်တစ်ခုမှမရလိုက်ဘူး။ တော်တော်ပျက်စီးသွားတယ်။ အားလုံးပျက်စီးသွားတော့ချည်တွေလည်း ဝယ်ရတယ်။ အကုန်ပြန်ဝယ်ရတယ်” ဟု ပြောသည်။

ဝါဘိုကျေးရွာသည်ရိုးရာ ရက္ကန်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းလုပ်နေသည့် ရွာတစ်ရွာဖြစ်ပြီးရက္ကန်းရက်လုပ်ရာတွင် ချည်လုံးများဈေးတက်ခြင်းနှင့် မိုခါမုန်တိုင်းကြောင့်လုပ်ငန်းလုပ်ကိုင်ရသည်မှာ အခက်ခဲများရှိကြောင်း သိ၇သည်။


ဝါဘိုကျေးရွာတွင်အိမ်ခြေ ၃၁၆ ဆောင်ရှိပြီး ရက္ကန်းစင် ၄၀၀ ကျော်ရှိကာ  လက်ရှိတွင် ရက္ကန်းစင် ၃၀၀ ကျော်ခန့်မှာလုပ်ငန်းပြန်လည်စတင်နေပြီဟု သိ၇သည်။ 

 

ဝါဘိုကျေးရွာမှထွက်ရှိသည့်ချည်ထည်များကို စစ်တွေမြို့နယ်တွင်သာ အဓိသာဖြန့်ချိနေပြီး ပြည်မဘက်သို့ဈေးကွက်ဖောက်နိုင်ခြင်းမရှိခြင်းကြောင့် ဈေးကွက်ဖော်ဆောင်ပေးရန်ဒေသခံများကလိုလားနေကြောင်း သိ၇သည်။ (NN-11)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.