Preview

ငပလီမှ လှေလုပ်သားတစ်ဦး ငါးဖမ်းလှေပေါ်မှ ပင်လယ်ထဲပြုတ်ကျပျောက်ဆုံး

စက်တင်ဘာ ၁၂/ ၂၀၂၃ | ကြည့်ရှုသူ :1536
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ လှေလုပ်သားအမျိုးသားတစ်ဦးမှာ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်၊ နံနက်က ငါးဖမ်း ပိုက်လှေပေါ်မှ ပင်လယ်ထဲပြုတ်ကျပြီး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပင်လယ်ထဲပြုတ်ကျပျောက်ဆုံးသွားသူမှာ ဂျိတ္တောအမှတ်( ၅)ရပ်ကွက်မှ ဦးလှသန်း(ခေါ်) ဦးထားဝယ်(၄ရ) နှစ်ဖြစ်ကြောင်း သိ၇သည်။

သူသည် ယနေ့နံနက် ၆ နာရီကျော်က ကျိန္တလီမြို့၊ ကြွေချိုင်ပင်လယ်ပြင်တစ်နေရာတွင် ၄င်းလုပ်ကိုင်နေသည့် ပုဇွန်ပိုက်လှေ(ဂျမ်းလှေ)ပေါ်မှ ပင်လယ်ထဲပြုတ်ကျပြီး ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသို့ပြောသည်။

ဦးလှသန်း၏ ခယ်မဖြစ်သူ မအိစံက "ဂွနဲ့ ကျိန္တလီကြားက ကြွေချိုင်နားမှာ လှေပေါ်က ပြုတ်ကျသွားတယ်လို့ လှေပိုင်ရှင်က ပြောပါတယ်။ သတိလစ်(တက်)ပြီးတော့ ပြုတ်ကျသွားတယ်လို့ ပြောပါတယ်"ဟု ပြောသည်။

ယနေ့နံနက်ပိုင်းက စက်လှေပေါ်တွင် အလေးအပင်စွန့်နေချိန် ရုတ်တရက်သတိလစ် (တက်)ကာ စက်လှေပေါ်မှပြုတ်ကျသွားခဲ့ခြင်းဖြစ်ပြီး ပြုတ်ကျသွားသည်ကို သိသည်နှင့် ချက်ချင်းလှေကို စက်ရပ်ကာ ယင်းနေရာအနီး ရေငုတ်ရှာဖွေကြသော်လည်း မတွေ့ရှိတော့ဟု လှေပိုင်ရှင်က ပြောဆိုကြောင်း မအိစံက ပြောသည်။

ဦးလှသန်းသည် ဂျိတ္တောအမှတ်(၆)ရပ်ကွက်မှ လှေပိုင်ရှင် ဦးဝင်းထွန်းအပါအဝင် နောက်ထပ်လှေလုပ်သားနှစ်ဦးတို့နှင့်အတူ ပိုက်ဆွဲရန် ဩဂုတ်လ ၉ ရက်က ပင်လယ်ပြင်သို့ လိုက်ပါသွားခြင်းဖြစ်ကြောင်း သိ၇သည်။

သူသည် ထားဝယ်ဇာတိဖြစ်ပြီး ဂျိတ္တောဇာတိသူ ဒေါ်သီတာဆိုသူနှင့် အိမ်ထောင်ကျကာ ဂျိတ္တောတွင်နေထိုင်သည်မှာ နှစ် ၂၀ ဝန်းကျင်ရှိပြီဟု ခယ်မဖြစ်သူ မအိစံက ပြောသည်။ (NN-23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.