ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်ပြီးခဲ့သည့်ဩဂုတ်လကအာဆာ (ARSA) အကြမ်းဖက်အဖွဲ့ က ကားကိုမီးရှို့ပြီး ဖမ်းဆီးသွားသည့်မွတ်ဆလင် စီးပွားရေးသမားနှစ်ဦးအနက် ၁ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်တစ်ဦးမှာပျောက်ဆုံးနေကာ လက်ရှိ အချိန်ထိ အဆက်အသွယ်မရသဖြင့် မိသားစုများ စိုးရိမ်နေကြောင်းသူတို့နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
လွတ်မြောက်လာသူမှာမောင်တောမြို့နယ်မြောက်ပိုင်း၊ စံပယ်ကုန်းကျေးရွာမှ ဦးအာရာဖတ်(၃၄)နှစ်ဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မ၇ ပျောက်ဆုံးနေသူမှာဦးဆာလာမန်ခန်း(ခေါ်)ဦးလှဝင်း(၃၂)နှစ် ဖြစ်သည်။
သူတို့နှစ်ဦးသည် သြဂုတ်လ၁၂ ရက်၊ညနေ ၆ နာရီခန့်တွင် စံပယ်ကုန်းကျေးရွာမှ ကြိမ်ချောင်းကျေးရွာသို့ အိမ်စီးကားတစ်စီးဖြင့်သွားစဉ်လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာကြား လမ်းဘေး၌ ARSAအကြမ်းဖက်အဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းပြီး သူတို့စီးလာသည့်ကားကိုလည်း ARSA အဖွဲ့ကမီးရှို့သွားခဲ့ကြောင်း မျက်မြင်များက ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ဦးလှဝင်းသည်ငါးပုစွန်လုပ်ကိုင်သူဖြစ်ပြီး ဦးအာရာဖတ်မှာ ဦးလှဝင်းနှင့်အတူအလုပ်လုပ်နေသူဖြစ်သည်ဟုနီးစပ်သူများက ပြောသည်။
ဦးအာရာဖတ်သည် ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ခန့်အကြာတွင်လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်ဟု သူနှင့်နီးစပ်သူက နိရဥ္စရာကို အတည်ပြု ပြောကြားသည်။
“သူ့ကိုလွှတ်တာကတော့ ဖမ်းဆီးပြီးတော့တစ်ပတ်လောက်အကြာမှာ လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ ဒီမှာ ရွာကိုလာမယ်ဆိုရင်ဌာနပေါင်းစုံက စစ်ဆေးမယ်။ အဲဒါ သူက ကြောက်ပြီးတော့ သွားတာဖြစ်မယ်။ဘယ်မှာလွှတ်ပေးလိုက်တယ်ဆိုတာတော့
သူ၏လုံခြုံရေးအခြေအနေကြောင့် သူ လက်ရှိခိုလှုံနေသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်း၏ အမည်ကိုဖော်ပြနိုင်ခြင်းမရှိပါ။
လက်ရှိတွင် ဦးဆာလာမန်ခန်း(ခေါ်)ဦးလှဝင်းကို ARSA ကအဖွဲ့က ပြန်လွှတ်ပေးခြင်းမရှိသေးသလိုသူနှင့် အဆက်အသွယ်လည်း ယနေ့ထိ မရရှိကြသည့်အတွက် သူ၏အသက်အန္တရာယ်ကို မိသားစုများ အလွန်တရာစိုးရိမ်နေကြသည်ဟုသိ၇သည်။ (NN-16)
ဓာတ်ပုံ - ARSA က မီးရှို့ခဲ့သည့် ဦးလှဝင်း၏ကားအား တွေ့၇စဉ်။ Photo - လူမှုကွန်ရက်