လေယာဉ်လက်မှတ်ခဈေးအဆမတန်မြင့် တက်နေသော်လည်း ရခိုင်တွင်လေယာဉ်ဖြင့် ခရီးသွားလာသူများပြားနေပြီး လေယာဉ်လက်မှတ်များကို ကြိုတင်ဝယ်ယူနေရကြောင်းသိ၇သည်။
ရခိုင်မှ ရန်ကုန်အပါအဝင် ပြည်မဘက်ရှိ မြို့များသို့ ကုန်းလမ်းဖြင့်ခရီးသွားလာရာလမ်းတစ်လျှောက်တွင် စစ်တပ်စစ်ဆေးရေးဂိတ်များက အစစ်အဆေးများခြင်း၊ ခရီးကြန့်ကြာခြင်း များကြောင့် ဈေးကြီးသော်လည်း အချိန်ကုန်သက်သာသော လေကြောင်းလိုင်းများဖြင့်သာသွားလာသူ များပြားနေခြင်းဖြစ်သည်ဟု လေယာဉ်လက်မှတ် အရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးကပြောသည်။
"ခရီးသွားတွေက များတယ်။တစ်နေ့ တစ်နေ့ဖြတ်ရတဲ့ လက်မှတ်တွေက မနည်းဘူး။ အခုဆို လက်မှတ်ကြိုဖြတ်ထားမှသွားချင်တဲ့နေ့ သွားလို့ရတယ်။ ဒီနေ့သွားမယ်ဟာ ဒီနေ့ဖြတ်ရင်တော့မရနိုင်တဲ့အခြေအနေတွေရှိပါတယ်" ဟု ပြောသည်။
စစ်တပ်ကအာဏာမသိမ်းခင်က ကျပ် ၈၀၀၀ သောင်းခန့် ဝန်းကျင်သာရှိခဲ့သော လေယာဉ် လက်မှတ်များသည်ယခုအချိန်တွင် နှစ်ဆခန့် မြင့်တက်သွားသည်ဟုလည်း ၎င်းက ပြောဆိုသည်။
စက်တင်ဘာလအတွင်းမြန်မာအမျိုးသားလေကြောင်းလိုင်း
Air KBZ လေကြောင်းလိုင်းဖြင့် စစ်တွေမှရန်ကုန်သို့ ၁၅၇၅၀၀ ကျပ်၊ သံတွဲမှ ရန်ကုန်သို့ ၁၃၅၅၀၀ ကျပ် စသဖြင့်ဈေးနှုန်းရှိကာMyanmar Yadanarpon လေကြောင်းလိုင်းဖြင့်စစ်တွေမှ ရန်ကုန်သို့၁၄၄၀၀၀ ကျပ်ဈေးနှုန်းရှိနေသည်ဟု လေယာဉ်လက်မှတ် အရောင်းဆိုင်များမှတစ်ဆင့်သိရသည်။
စစ်တွေမြို့မှအမည်မဖော်လိုသည့် လေယာဉ်လက်မှတ်အရောင်းဆိုင်ပိုင်
ထိုသို့လေယာဉ်လက်မှတ်ခဈေးမြင့်
စစ်တွေမြို့မှ ခရီးသွားအမျိုးသမီးတစ်ဦးက"လက်မှတ်တွေက ကြိုဖြတ်ရတယ်။ အရင်ကဆိုရင်တော့ လက်မှတ်ခဈေးမမြင့်ဘူး။သက်သာတယ်ပေါ့။ အခုက မသွားခင် နှစ်ရက်၊ သုံးရက်ကကြိုဖြတ်ရတယ်။ဒီနေ့သွားမယ့်ဟာဖြတ်ရင် လေယာဉ်မှာ လူမပြည့်သေးဘူးဆိုရင်တော့ နေရာရတယ်။ပြည့်ရင်တော့ မရဘူးပေါ့။ ဒါပေမဲ့ အခုက ခရီးသွားသူတွေများလို့ကြိုဖြတ်မှရတယ်" ဟု ပြောသည်။
ရန်ကုန်နှင့် စစ်တွေအကြား လေယာဉ် တစ်နေ့ ငါးကြိမ်ခန့် ပျံသန်းနေသော်လည်း ပြည်ပသို့အလုပ်အကိုင်လုပ်ကိုင်ရန်ထွက်ခွာ