(၄င်း၏အရှိန်ကြောင့် ရခိုင်တွင်နေရာကွက်၍ မိုးကြီးမည်)
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေသည်ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နေ့လယ်တွင် ထုတ်ပြန်ထားသည်။ယနေ့ စက်တင်ဘာလ ၁၃ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေသည်ဟုမိုး/ဇလ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"အဆိုပါ လေဖိအားနည်းရပ်ဝန်းသည်ပိုမိုအားကောင်းလာနိုင်ပြီး နောက်(၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်း၇ပါသည်"ဟုလည်းထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်စစ်တွေအပါအဝင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့အချို့တွင်မိုးသည်းထန်စွာရွာသွန်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
မနက်ဖြန်နံနက်အထိရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်းမိုး/ဇက ထုတ်ပြန်ထားသည်။ (NN-16)
ဓာတ်ပုံ - မိုး/ဇလ