တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ရခိုင်အလှမယ် စောမြတ်အိခိုင် Miss Popular Choice ဆု ရရှိ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

(Miss Universe နောက်ဆုံးဆန်ခါတင် ၆ ဦးရွေးချယ်ရာတွင် စောမြတ်အိခိုင်ပြုတ်ကျန်ခဲ့)

မြန်မာမယ်စကြဝဠာပြိုင်ပွဲ Miss Universe Myanmar 2023 နောက်ဆုံးပြိုင်ပွဲ (Grand Final)တွင် စစ်တွေမြို့မှ အလှမယ်စောမြတ်အိခိုင်သည် Miss Popular Choice ဆုကိုသာ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲကို BIGO live App မှ အွန်လိုင်း Voting စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဒေသအသီးသီးမှ အလှမယ် ၃၂ ဦးပါဝင်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲ၏ နောက်ဆုံးပြိုင်ပွဲတွင် အလှမယ်စောမြတ်အိခိုင်က Miss Popular Choice by Bigo Live Myanmar ဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

အလှမယ်စောမြတ်အိခိုင်သည် Miss Universe Myanmar 2023 ၏ ဆန်ခါတင်အလှမယ် ၁၀ ဦး စာရင်းတွင်ရွေးချယ်ခံခဲ့ရသော်လည်း နောက်ဆုံးဆန်ခါတင် ၆ ဦး(Finalist Top 6)ကို Voting စနစ်ဖြင့် ရွေးချယ်ရာတွင်မပါဝင်ခဲ့ပေ။



အဆိုပါ Miss Universe Myanmar 2023 ၏ နောက်ဆုံးပြိုင်ပွဲကို စက်တင်ဘာလ ၁၄ ရက်ညနေ ၅ နာရီက တိုက်ရိုက်ထုတ်လွှင့်ကျင်းပနေခြင်းဖြစ်သည်။

Winner ဆုကို ကျိုင်းတုံအလှမယ် အမရာဗိုလ်က ဆွတ်ခူးရရှိသွားသည်။


တိုက်ရိုက် (Live) ထုတ်လွှင့်မှုများကို CHANNEL  9 ,  SKYNET TEEN, SKYNET DTH နှင့် MISS UNIVERSE MYANMAR Facebook Page များနဲ့ MISS UNIVERSE MYANMAR Youtube, SKYNET DTH Youtube များမှာ ထုတ်လွှင့်ပေးနေခြင်းဖြစ်သည်။

ရခိုင်အလှမယ် စောမြတ်အိခိုင်သည် စစ်တွေမြို့ဇာတိဖြစ်ပြီး အသက် ၂၃ အရွယ်ရှိကာ ၂၀၂၃ စစ်တွေမယ်စကြာဝဠာတွင် သရဖူကို ရရှိထားသူဖြစ်သည်။ 



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!