Preview

AA နှင့်ဆက်စပ်သံသယဖြင့် အမ်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ထောင် ၂ နှစ်ချမှတ်ခံရ

စက်တင်ဘာ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :2942
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသည် ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်စပ်သံသယဖြင့်စစ်ကောင်စီ၏ထောင်ဒဏ်  ၂ နှစ်ချမှတ်ခြင်းကို ခံလိုက်ရသည်ဟု သိ၇သည်။

ထောင်ဒဏ်ချမှတ်ခံ၇သူမှာ အမ်းမြို့နယ်၊လုံးကောက်ကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူးဟောင်းဦးအောင်တင်မြင့်ဖြစ်သည်။

သူသည် ပြီးခဲ့သည့်စက်တင်ဘာ ၁၃ ရက်၊ နေ့လယ်ပိုင်းက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်အမ်းမြို့နယ်တရားရုံး၏ ထောင်ဒဏ်ချမှတ်ခြင်းကို ခံလိုက်၇သည်ဟုအမ်းဒေသခံတစ်ဦးကနိရဥ္စရာသတင်းဌာနကို ပြောသည်။

"၁၇(၁)နဲ့ ဖမ်းထားတာတစ်နှစ်လောက်ရှိပြီ။ အဲ့ဒါကို အမိန့်ချခဲ့တာ"ဟု ပြောသည်။

ဦးအောင်တင်မြင့်သည် ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ရွာမှတဆင့် အမ်းမြို့သို့သွားစဉ် တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှအရာရှိတစ်ဦးက ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သူသည်NLD အစိုးရလက်ထက်တွင်အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခဲ့သော်လည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက်အုပ်ချုပ်ရေးမှူး မလုပ်တော့ကြောင်း သိ၇သည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကျေးရွာမှဦးဘသိန်း(၅၇)နှစ်နှင့် စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ်(ခေါ်)မောင်မောင်ခင် (၅၀) နှစ်တို့ကို မြို့နယ်တရားရုံးက AA နှင့်ဆက်စပ်သည်ဟုဆိုကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ၅၀၅(က)ဖြင့် တစ်ဦးလျှင် ထောင် ၂ နှစ်စီ ချမှတ်ခဲ့သည်။

သူတို့နှစ်ဦးသည်လည်း ၇ခိုင်တွင်တကျော့ပြန်တိုက်ပွဲကာလဖြစ်သည့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့၇ခြင်းဖြစ်သည်။

၇ခိုင်တွင် AAနှင့်စစ်ကောင်စီတပ်တို့အပစ်အခတ်ရပ်စဲထားချိန် ယခုလို ထောင်ဒဏ်ချမှတ်ခြင်းသည်စစ်ကောင်စီအနေဖြင့် ၇ခိုင်ပြည်အတွင်း ငြိမ်းချမ်းမှုကိုမလိုလားသောကြောင့်ဖြစ်သည်ဟု ၇ခိုင်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

"ULA/AA နဲ့ဆက်စပ်ပြီးဖမ်းဆီးခံထား၇သူတွေ၊ နောက်ထပ် ULA/AA နဲ့ပက်သက်ပြီး ဒေသခံတွေကို ဖမ်းဆီးလာမှုတွေ၊၇ခိုင်လူထုကို စစ်ကောင်စီက ခြိမ်းခြောက်နေမှုဟာ သူတို့ကိုယ်တိုင်က၇ခိုင်ပြည်မှာ ငြိမ်းချမ်းရေးကိုမလိုလားဘူးလို့ အရိပ်ယောင်ပြလိုက်သလိုပါပဲ"ဟုပြောသည်။

၇ခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်၂၀၂၂ ခုနှစ် တကျော့ပြန်ကာလအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲဆိုခံထားရသူ ကျောက်တော်မြို့နယ်တွင် ၇ ဦး၊ ကျောက်ဖြူမြို့နယ်တွင်၂ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် ၂ ဦးရှိကြောင်း သိ၇သည်။

ရခိုင်တွင်လက်ရှိအချိန်ထိ AA နှင့်ဆက်စပ်သံသယဖြင့် တရားခံနေ၇သူစုစုပေါင်း၁၀၀ ကျော်အထိ ရှိနေသေးသည်ဟုလည်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့စာရင်းအရသိ၇သည်။ 

 

 

#AA#အမ်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.