Preview

စစ်တွေမြို့ပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံး

စက်တင်ဘာ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :2835
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိ၇သည်။

သေဆုံးသွားသူမှာ မည်သူမည်ဝါမသိ၇သေးဘဲယနေ့ စက်တင်ဘာလ ၁၅ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်တွေမြို့၊ဆက်သွယ်ရေးရုံးရှိသည့် ဗောဓိလမ်းရှိ ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့တွင်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ယင်းအနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

“အုပ်စုလိုက်ဆိုင်ကယ်စီးပြီး လာပစ်သွားတာ။ ဒဏ်ရာတွေတော့ ဘယ်နေရာရလဲမသိရဘူး။ လမ်းတွေလည်း အခုပိတ်ထားလို့”ဟုပြောသည်။

လက်ရှိတွင်အလောင်းအား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက သွားရောက်သယ်ဆောင်ပြီး စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ပြီဟု သိရသည်။

စစ်တွေမြို့ပေါ်တွင် နေ့ခင်းကြောင်တောင်သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်စဉ်ကြောင့် မြို့ခံများအကြားစိုးရိမ်မှုမြင့်တက်လျက်ရှိသည်။ 
Photo - CJ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.