ပါတီဝင်များနှင့် ပြည်သူများအား ရည်ညွှန်းလျှက် ရေးသားထားသည့်စာတွင် MFP ပါတီသည်အမတ်ဦးရေ အများဆုံး အတိုက်အခံပါတီတစ်ခု ဖြစ်လာသော်လည်း ပါတီခေါင်းဆောင်တာဝန်ကို၄င်းအနေဖြင့် ထမ်းဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသည် ၄င်းအား လွှတ်တော်အမတ်အရည်အချင်း မပြည့်မီဟုဆိုကာ တားမြစ်ထားကြောင်း၊ထို့ကြောင့်လွှတ်တော်အတွင်း အတိုက်အခံပါတီ၏တာဝန်များကို အပြည့်အ၀ထမ်းဆောင်နိုင်သူတစ်ဦးနှင့် အစားထိုးနိုင်ရန်ပါတီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ရခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
“ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုက်အခံပါတီခေါင်းဆောင်ဟာ လွှတ်တော်အမတ်ဖြစ်ရပါမယ်။ ခုချိန်ထိ ဒီတာဝန်ကို ကျွန်တော် မထမ်းဆောင်နိုင်သေးသလိုဆက်ပြီး ထမ်းဆောင်ဖို့လည်း မသေချာသေးပါဘူး။ ပါတီအလုပ်အမှုဆောင်တွေ လွှတ်တော်အမတ်တွေနဲ့ တိုင်ပင်ပြီးတဲ့အခါ အတိုက်အခံပါတီရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဌနဲ့အတိုက်အခံခေါင်းဆောင်ဟာ အဓိကအတိုက်အခံပါတီကဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက် ပါတီကနေ သင့်လျော်သူတစ်ဦးကိုထပ်ပြီး ရွေးချယ်နိုင်အောင်လို့ နှုတ်ထွက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်” ဟု ပီတက ရေးသားခဲ့သည်။
တိုင်းမ်မဂ္ဂဇင်း၏အနာဂတ် ကမ္ဘာ့လူငယ်ခေါင်းဆောင် ၁၀၀ စာရင်းတွင် ဖော်ပြခံ၇သောဟားဗတ်ကျောင်းဆင်း အသက် ၄၃ နှစ်အရွယ်ရှိ ပီတ က ပါတီခေါင်းဆောင်အဖြစ်မှနှုတ်ထွက်ခဲ့သော်လည်း MFP ပါတီ နှင့် ပြည်သူတို့၏ အကျိုးအတွက် အတတ်နိုင်ဆုံး အလုပ်အကျွေးပြုသွားမည်ဟု သူ၏ နှုတ်ထွက်ကြေညာစာတွင် ရေးသားထားခဲ့သည်။
ref:Bangkok Post