ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လှေတစ်စီးဖြင့် ခိုးဝင်လာသည့် အာဆာ(ARSA) အကြမ်းဖက်အဖွဲ့ဝင်၆ ဦးကိုစကစ နယ်ခြားစောင့်တပ်က ဖမ်းမိပြီးနောက် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ထပ်မံဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံလိုက်ရသည့်ကျေးရွာအုပ်
သူသည် စက်တင်ဘာလ ၁၅ရက်တွင် နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏
“၂၀၁၆/၂၀၁၇ မှာအဲဒီ မျောတောင်ရွာမှာ ARSA အဖွဲ့တွေခိုလှုံနေခဲ့တယ်။ အဲဒီကိစ္စနဲ့ အဖမ်းခံရတာပါ။ အဲဒီအဖမ်းခံ၇တဲ့ ၆ ယောက်ကို စစ်ဆေးတဲ့အခါ ဘယ်မှာနေတယ်။ဘယ်ရွာမှာနေခဲ့တယ်ဆိုတာ အဲလို ပြောဆိုတာနဲ့သူ့ကို ခေါ်ယူစစ်ဆေးနေတာဖြစ်မယ်”ဟုပြောသည်။
ယခုဖမ်းဆီးခံလိုက်ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်လှေနှင့်အတူဖမ်းမိသည့် ARSA အဖွဲ့ဝင်၆ ဦးတို့ကိုမောင်တောမြို့၊ မြို့သူကြီးရပ်ကွက်ရှိ နခခ(၅)တပ်ထဲတွင် စစ်ဆေးလျက်ရှိသည်ဟုလည်းသူက ဆက်ပြောသည်။
“ကျနော်တို့ကြားတာကအဲဒီ လှေနဲ့ တွေ့တဲ့ ၆ ယောက်က သူ့ရွာသားလို့ ပြောသံကြားတယ် ”ဟု ပြောသည်။
အဆိုပါ ARSA အဖွဲ့ဝင် ၆ ဦးကိုနယ်စပ်တွင် မည်သည့်နေ့က ဖမ်းမိခဲ့သည်ဆိုသည်ကို ဒေသခံများကမသိရှိကြသလို နိရဥ္စရာအနေဖြင့်လည်း စုံစမ်း၍ မရနိုင်သေးပါ။
ARSA အဖွဲ့ဝင်များသည်ယခုနောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်းသို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်ခိုးဝင်ကာစိမ့်ဝင်လှုပ်ရှားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်၊ ညအချိန်ကလည်း ဘူးသီးတောင်မြို့နယ်၊မီးကျောင်းခေါင်းဆွဲကျေးရွာမှ အသက် ၆၀ကျော်အရွယ် ရပ်မိရပ်ဖဦးမာမတ်ရူရ်ကူရ်းကို ARSA အဖွဲ့ကဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြသည်။
အလားတူ သြဂုတ်လ ၁၂ရက်၊ ညနေ ၆ နာရီခန့်ကလည်း စံပယ်ကုန်းကျေးရွာမှ မွတ်ဆလင်စီးပွားရေးသမားနှစ်ဦးကို
ယင်းနောက် ဖမ်းဆီးခံ၇သူ၂ ဦးအနက် တစ်ဦးလွတ်မြောက်လာခဲ့သော်လည်း ကျန်တစ်ဦးမှာ ယခုထိ လွတ်မြောက်မှုမရှိသေးဘဲသတင်းအစအနမရ၍ မိသားစုဝင်များက စိုးရိမ်လျက်ရှိသည်။
ARSA အကြမ်းဖက်အဖွဲ့သည်၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများနှင့် တပ်စခန်းအများအပြားကို ဝင်ရောက်တိုက်ခိုက်မှုကြောင့်မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများရှိခဲ့၍ စစ်တပ်က အကြီးအကျယ်နယ်မြေရှင်းလင်းခဲ့၇သည်။ (NN-16)