ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြကျောင်းဆရာမတစ်ဦးသည် ယနေ့နံနက်က စာပြသွားစဉ်အသတ်ခံလိုက်ရသည်ဟု ဒေသခံများကပြောသည်။
သေဆုံးသူမှာ၇သေ့တောင်မြို့နယ်၊ ပန်းဖော်ပြင် အလယ်တန်းကျောင်းတွင်တာဝန်ကျနေ
ဆရာမ ဒေါ်နှင်းယုမေသည်သူနေထိုင်ရာ ရသေ့တောင်မြို့နယ်၊ မယူကမ်း ကျွန်းပေါ်ပေါက်တော ကျေးရွာမှပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ ယနေ့ စက်တင်ဘာလ ၁၆ ရက်၊နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ရွာသားများကပြောသည်။
လည်ပင်းကိုလှီးဖြတ်ခံထားရသည့်ဒဏ်ရာဖြင့်သေ
"အဝတ်တွေလန်ပြီးသေနေတယ်။ လည်ပင်းလှီးထားတယ်။ အဓမ္မပြုကျင့်ခံရပြီးအသတ်ခံလိုက်၇တာဖြစ်နိုင်တယ်လို့တော့ ခန့်မှန်းပြောနေကြပါတယ် "ဟု ပြောသည်။
သို့သော် နိရဉ္စရာသတင်းဌာနအနေဖြင့် အသတ်ခံရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများ၏ သီးခြား အတည်ပြုချက်ကို ရယူနိုင်ခြင်းမရှိသေးပါ။
လက်ရှိတွင်ဆရာမ၏ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးနေကြောင်း သိ၇သည်။