- Web Master
- ၁၉ နိုဝင်ဘာ ၂၀၂၃
မြန်မာတစ်နိုင်ငံလုံးသင်္ချာအိုလံပစ်ပြိုင်ပွဲ၌ ဒုတိယဆုရရှိခဲ့သည့် ရခိုင်လူငယ်ကွန်ပျူတာဆရာ တစ်ဦးသည်ယမန်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရေနစ်သေဆုံးသွားခဲ့ကြောင်းသိရသည်။
ရေနစ်သေဆုံးခဲ့သူမှာ
ပုဏ္ဏားကွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာမှ ဦးမောင်စိုးဝင်း၏သား ကိုနေထိန်ဝင်း
(၂၈) နှစ်ဖြစ်သည်။
သူသည်
ကျောက်တော်မြို့နယ်၊ ပြိုင်ချောင်းကျေးရွာတွင် ကွန်ပျူတာသင်တန်းပြသနေသူတစ်ဦးဖြ
"သူငယ်ချင်းတွေနဲ့ ညနေစောင်း
ရွာနားက ချောင်းမှာ ရေချိုးဖို့သွားတာပါ။ ရေစီးသန်တာနဲ့ မထိန်းနိုင်ဘဲ
မျောပါသွားတာပါ။ လိုက်ဆယ်ပါတယ်။ မရလိုက်ဘူးလို့ သူ့သူငယ်ချင်းတွေက
ပြောပါတယ်" ဟု ပြောသည်။
သေဆုံးသွားသူသည် ၂၀၁၁
ခုနှစ် မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဒုတိယရရှိထားသူဖြစ်သည်။
ယင်းအပြင် ပညာရေးတက္ကသိုလ်(B.Ed)
ကျောင်းဆင်း
ကျောင်းဆရာတစ်ဦးဖြစ်ပြီး ပညာရေးဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့်
တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အလုပ်ထွက်ကာ ဒေသရှိ လူငယ်များကို
ကွန်ပျူတာသင်တန်းပြသနေသူဖြစ်ကြေ
သူ ယခုကဲ့သို့
သေဆုံးသွားခဲ့ရသည့်အပေါ် အလယ်ချောင်းကျေးရွာပရဟိအသင်းဥက္
လက်ရှိတွင်
သေဆုံးသွားသည့် ကိုနေထိန်ဝင်း၏ရုပ်အလောင်းကို ဇာတိရွာ အလယ်ချောင်းကျေးရွာသို့ ယူဆောင်
ရခိုင်တွင် ပြီးခဲ့သည့်
ဇူလိုင်လနှင့် သြဂုတ်လတို့အတွင်းကလည်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃၃ ဦးအထိ
ရှိခဲ့သည်ဟု နိရဥ္စရာသတင်းဌာနက ကောက်ယူထားသည့်အချက်အလက်များအရ သိရသည်။
အဆိုပါရေနစ်သေဆုံးသူများမှာ အသက်(၅)နှစ်မှ
(၅)နှစ်အထက် ကလေးငယ်များ၊ သက်လတ်ပိုင်းအရွယ်များနှင့် သက်ကြီးရွယ်အိုများလည်း
ပါဝင်သည်။ (NN-10)
ဓာတ်ပုံ - ရေနစ်သေဆုံးသွားသည့်
မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲ ဒုတိယဆုရှင်
ရခိုင်လူငယ်အား တွေ့ရစဉ်။ (Photo - လူမှုကွန်ရက်နှင့် ဟိန်းထွန်း)