Preview

စစ်တပ်ကဖမ်းသွားသည့် တင်းမရွာသား ၁၈ ဦး ၃ နှစ်ကျော်ကြာ ပျောက်ဆုံးနေမှု စစ်ကောင်စီက တာဝန်ယူ စုံစမ်းဖော်ထုတ်ပေးရန် မိသားစုများ ထပ်မံတောင်းဆို

စက်တင်ဘာ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :1573
ရခိုင် သတင်း

၇ခိုင်ပြည်နယ်တွင်ပြီးခဲ့သည့်၂၀၂၀ တိုက်ပွဲကာလအတွင်းက စစ်တပ်က ဖမ်းဆီးသွားသည့်ကျောက်တော်မြို့နယ်၊တင်းမကျေးရွာမှ ရွာသား ၁၈ ဦး ၃ နှစ်ကျော်ကြာ ပျောက်ဆုံးနေမှုကိုစစ်ကောင်စီလက်ထက်တွင် ာဝန်ယူစုံစမ်းဖော်ထုတ်ပေးရန်မိသားစုများကထပ်မံတောင်းဆိုလိုက်ကြောင်းသိ၇သည်။

 ကျောက်တော်မြို့နယ်၊တင်းမကျေးရွာသား ၁၈ ဦးကို ယခင် NLD အစိုး၇လက်ထက် ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နှင့် ၁၆ ရက်တို့တွင် စစ်တပ်က ရွာတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိသတင်းအစအနမ၇ဘဲ ပျောက်ဆုံးနေသည်ဟု တင်းမသစ်ကျေးရွာမှ ပျောက်ဆုံးနေသည့်ဦးမောင်သန်းစိုး၏ ဖခင်ဖြစ်သူက  နိရဥ္စရာကိုပြောသည်။

"တစ်ခါမှ ပေါ်မလာ၊ ကြာလည်းကြာပြီဆိုတော့ရှိမယ်လို့မထင်တော့ပါဘူး။ သတ်ပစ်လိုက်ပြီ ထင်ပါတယ်။ ဖမ်းသွားတဲ့၁၈ ယောက် တစ်ယောက်မှပြန်မလာတော့ဘူး။ သားနဲ့သားမက် နှစ်ယောက်ပါသွားတာ။အဲ့တုန်းက စစ်သားတွေဖမ်းသွားတာကို ဦးလေးစာအုပ်မှာ ခုထိမှတ်ထားတာရှိတယ်။အဲ့ဒါကို ဇော်မင်းထွန်းက ငြင်းထားတယ်" ဟုပြောသည်။

အဖြေမှန်တစ်ခုသိရအောင်စစ်ကောင်စီအနေဖြင့်တာဝန်ယူစုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုချင်သည်ဟုလည်းဆိုသည်။

စစ်တပ်က ဖမ်းဆီးသွားပြီးနောက်ယခုထိ ပျောက်ဆုံးနေသူများတွင် တင်းမကြီးကျေးရွာမှ ရွာသား ၁၀ ဦးနှင့်တင်းမသစ်ရွာမှ ရွာသား ၈ ဦးတို့ ဖြစ်ကြသည်။

တင်းမကြီးကျေးရွာမှ ဖမ်းဆီးခံ၇သူများမှာဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄၀)နှစ်၊ ဦးသန်းမောင်ထွန်း (၄၀) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅၀)နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄၀) နှစ်၊ ဦးမောင်စိန်ဝင်း (အသက် ၅၀ကျော်)၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈)နှစ်တို့ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

တင်းမရွာသစ်မှဖမ်းဆီးခေါ်ဆောင်ခံ၇သူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြသည်။




တင်းမကြီးကျေးရွာသား၁၀ ဦးကို ၂၀၂၀ခုနှစ်  မတ်လ ၁၆ ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီးတင်းမသစ် ရွာသား ၈ ဦးကို မတ်လ ၁၃ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟုလည်းရွာသားများက ပြောသည်။

အဆိုပါကျေးရွာသားများပျောက်ဆုံးနေမှုနှင့်ပက်သက်ပြီး စစ်ကောင်စီကယခုအချိန်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိကြောင်းလည်း တင်းမဆရာတော် ဘဒ္ဒန္တဝါယမိန္ဒက နိရဥ္စရာကို မိန့်သည်။

"ပျောက်ဆုံးနေတဲ့တင်းမကျေးရွာသားနဲ့ပက်သက်ပြီး အခုချိန်ထိတာဝန်ယူမှု၊ တာဝန်ခံမှုမရှိသေးဘူး။ ဖမ်းထားတာလည်း မှန်တယ်။ မိသားစုတွေသာမကရွာသူရွာသားတွေလည်း စိတ်မှာ မဖော်ပြတတ်လောက်အောင် ဝမ်းနည်းမှုဖြစ်တယ်"ဟု မိန့်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးမိသားစုဝင်များက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ကျောက်တော်မြို့မ ရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့ကြသော်လည်းယခုအချိန်ထိ အရေးယူဖော်ထုတ်ပေးခြင်းမရှိခဲ့ဟု မိသားစုဝင်များက ပြောသည်။

ဒီဇင်ဘာလထဲတွင်ပင်မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ခေါ်ယူမေးမြန်းခဲ့ပြီးအကောင်းဆုံးလုပ်ပေးမည်ဟု ကတိပြုပြောဆိုခဲ့သော်လည်း လက်တွေ့တွင် တစ်ခုမျှဖြစ်မလာခဲ့ဟု ဆိုကြသည်။

ဆက်လက်ပြီးပျောက်ဆုံးနေသူများ၏မိသားစုဝင်များက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်ရခိုင့်လူ့အခွင့်ရေးကာကွယ်ရေးမြှင့်တင်သူများအဖွဲ့ထံသို့ အကူညီတောင်းခံပြီးယင်းအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်သို့ စာတင်တောင်းဆိုခဲ့သေးသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်က အဆိုပါတင်းမရွာသားများကိုစစ်တပ်က ဖမ်းဆီးခြင်းများမရှိခဲ့သလို သတ်ဖြတ်ခဲ့ခြင်းလည်းမရှိခဲ့ဟုစာပြန်ခဲ့ကြောင်း ရခိုင်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ဒါရိုက်တာဦးမြတ်ထွန်းက နိရဥ္စရာကို ပြောသည်။

"တင်းမပြဿနာဖြစ်ပြီးတာနဲ့ တင်းမကမိသားစုတွေကစစ်တွေကိုလာပြီး ထွက်ချက်လာပေးတယ်။ သူတို့ကိုစစ်ဆေးချက်ယူပြီးသူတို့ရဲ့မှတ်ပုံတင်မိတ္တူနဲ့တကွ မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်ကို တင်တယ်။ တင်ပေးလိုက်တော့လူ့အခွင့်ရေးကော်မရှင်က သူတို့စစ်ဆေးချက်အ၇ ဒီတင်းမ ၁၈ ယောက်ကိုမြန်မာ့တပ်မတော်က ဖမ်းဆီးခြင်းလည်း မရှိ၊ သတ်ဖြတ်ခြင်းလည်း မရှိခဲ့ဘူးလို့တုံ့ပြန်ခဲ့တယ်" ဟုပြောသည်။

တင်းမကျေးရွာသား ၁၈ဦးကို တာဝန်ယူမှုမရှိဘဲ အစအန ဖျောက်ခြင်းသည် အလွန်တရာ ကြီးကျယ်သည့်လူ့အခွင့်ရေးချိုးဖောက်မှုကြီးပင်ဖြစ်ကြောင်း ဦးမြတ်ထွန်းက ဆိုသည်။

စစ်ကောင်စီပြောခွင့်၇သူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူယင်းနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ပျောက်ဆုံးနေသည့်တင်းမရွာသားအမှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာများကမေးမြန်းရာတွင် တင်းမရွာသားများကို စစ်တပ်က ဖမ်းဆီးခြင်းမရှိဟု မပြောလိုဟုဖြေကြားခဲ့သည်။

တပ်အနေနဲ့ ဖမ်းတာဆီးတာမျိုး မရှိဘူးလို့လည်း ကျနော်မပြောဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးကျနော်တို့ သိကို မသိရှိသေးတာ။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရမယ့်လမ်းကြောင်းတွေ ရှိတယ်။ ပြောနိုင်တဲ့ လမ်းကြောင်းတွေ ရှိတယ်။ အဲဒီအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်းတန်းနိုင်တဲ့နေရာတွေ၊ ပြောနိုင်တဲ့နေရာတွေကိုလွတ်လပ်စွာ တိုင်ကြားနိုင်ခွင့် ရှိတယ်။ ပြောပိုင်ခွင့်ရှိတယ်ဟု ဖြေကြားခဲ့သည်။

သို့သော် အမှုမှန်ပေါ်ပေါက်ရန်သက်ဆိုင်ရာဌာနအသီးသီးသို့ တိုင်ကြားတောင်းဆိုသော်လည်း လက်ရှိအချိန်ထိသတင်းအစအနမ၇ဘဲ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းတို့ ၁၈ ဦးစလုံးမှာ ယနေ့ အချိန်ထိ ပျောက်ဆုံးနေပြီး ရဲစခန်းအချုပ်ထဲသို့လည်းရောက်ရှိခြင်းမရှိသလို စစ်တပ်ထဲတွင် ထိန်းသိမ်း၍ ရှိ /မရှိကိုလည်းမိသားစုများက မသိရှိဘဲ ဖြစ်နေကြ၇သည်။

တင်းမကျေးရွာအနီးတွင် ၂၀၂၀ပြည့်နှစ်၊ မတ်လအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကျေးရွာသားများမှာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး ကျေးရွာအတွင်းရှိ လူနေအိမ် ၁၀၀ကျော်သည်လည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့၇သည်။

ရွာသားများသည်လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ကျောက်တော်မြို့ရှိစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြ၇ဆဲဖြစ်သည်။

 

ဓာတ်ပုံ- ပျောက်ဆုံးနေသည့်တင်းမရွာသားအချို့နှင့် မိသားစုဝင်အချို့အား တွေ့၇စဉ်။

#စစ်တပ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.