အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်ကြသည့် အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့တွင် ရောင်းစားခံခဲ့ရသည့် ၇ခိုင်အမျိုးသမီးငယ်၄ ဦးအနက် တစ်ဦးသည် အီရတ်တွင် အဖမ်းခံရပြီးနောက်အစိုးရထံတွင် ခိုလှုံခွင့်ရသွားသည်ဟု သတင်းရရှိသည်။
အဆိုပါအီရတ်အစိုးရလက်ထဲတွင်ခိုလှုံခွင့်၇သွားသူမှာ ဝေဝေ (ခ) မမြတ်အေးစံ (၂၆) နှစ်ဖြစ်ကြောင်းရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေအကြံပေး ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
ပြီးခဲ့သည့်ဩဂုတ်လ၂၆ ရက်တွင် သူမသည် အီရတ်ရဲထံ ဖမ်းဆီးခံထားရပြီးနောက်အီရတ်နိုင်ငံမှ နိုင်ငံတကာ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ အဖွဲ့အစည်း (IOM)နှင့်အီဂျစ်နိုင်ငံရှိ ကိုင်ရိုမြန်မာနိုင်ငံသံရုံး၏ အကူအညီဖြင့် စက်တင်ဘာလ ၁၁ ရက်တွင်အီရတ်နိုင်ငံအစိုးရထံ ခိုလှုံခွင့်၇ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"အခုတော့ ဝေဝေအတွက်ကလုံခြုံသွားပြီးလို့ ပြောလို့ရပါတယ်။ သူကို ရဲဖမ်းသွားပြီးနောက်အီရတ်မှာရှိတဲ့ IOM နှင့်ကိုင်ရိုမြန်မာသံရုံး အကူအညီကနေတစ်ဆင့် အစိုးရဆီမှာခိုလုံခွင့်ရသွားပြီးလို့ ကိုင်ရိုသံရုံးက ဆက်သွယ်လာပါတယ်"ဟု ပြောသည်။
ယင်းအပြင် သူမ ပြည်တော်ပြန်နိုင်
လက်ရှိတွင် ကျန်၃ ဦးထဲမှ အီရတ်နိုင်ငံသို့ ရောင်းစားခံထား၇သည့် မဟန်နီထွန်း (၂၂) နှစ်နှင့်မသန်းနွယ်ဌေး (၂၅) နှစ်တို့သည် အိမ်တွင်းအကြမ်းဖက်မှုခံနေရသည့်
"ဟန်နီထွန်းနဲ့ ဆက်သွယ်ပြန်၇ပြီးသူက အခုနေမကောင်းဘူးလို့ဆိုတယ်။ သူထမင်းမကျွေးတာ ၃ ရက်လောက်ရှိပြီးတဲ့။နောက်ပြီး ဗိုက်အောင့်တယ်လို့ ပြောရင်လည်း မသိသလို နေကြတယ်လို့ ပြောတယ်။နောက် သန်းနွယ်ဌေးကိုဆိုရင် အိမ်ရှင်က ပိုက်ဆံကြိုက်လား။ ဘာကြိုက်လဲ။ အဲလိုလိပ်ပိုင်းဆိုင်ရာ ပြောဆိုမှုတွေ ရှိတယ်။ ပြီးရင် ဒီအကြောင်းတွေကိုအပြင်ကိုပြောရင် လည်ပင်လှီးပစ်မယ်လို့ လုပ်ပြတယ်လို့ကျွန်မကို ပြောပါတယ်"ဟုရှေ့နေ ဒေါ်ဝိုင်းသူဇာက ပြောသည်။
အရှေ့အလယ်ပိုင်းနိုင်ငံများသို့ရောင်းစားခံခဲ့ရသည့် ၇ခိုင်အမျိုးသမီးငယ် ၄ ဦးမှာ မဟန်နီထွန်း (၂၂) နှစ်၊ မဝေဝေ (ခ)မမြတ်အေးစံ (၂၆)နှစ်၊ မသန်းနွယ်ဌေး (၂၅) နှစ်နှင့် မဝင်းဝင်းလှိုင် (၂၂) နှစ်တို့ဖြစ်ကြသည်။
သူတို့သည် စစ်တွေ၊ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များမှဖြစ်ကြ
၎င်းတို့ ၄ ဦးအထဲမှပြီးခဲ့သည့် ဩဂုတ်လ၂၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံမှ ဒူဘိုင်းနိုင်င်ငံသို့ ပို့ဆောင်ခံခဲ့ရသည့်မဝင်းဝင်းလှိုင်တွင် ဒူဘိုင်းရှိ မြန်မာသံအမတ်နှင့် အဆက်အသွယ်ရသော်လည်းသွားရောက် မကူညီနိုင်သေးကြောင်းနှင့် ၎င်းတွင် လုံပိတ်အခန်းတစ်ခု၌ပိတ်လှောင်ခံထားရကြောင်း ကာယကံရှင် မဝင်းဝင်းလှိုင်က ပြောပြသည်ဟု ရှေ့နေဒေါ်ဝိုင်းသူဇာက ဆက်လက်ပြောဆိုသည်။
"သူကို ကျွန်မကဒူဘိုင်းက သံအရာရှိဖုန်းကိုပေးလိုက်တယ်။ တစ်မြို့တည်းဆိုတော့ အဆက်အသွယ် ရပေမဲ့ သူကို သွားရောက်ကူညီဖို့မဖြစ်နိုင်သေး။ ဘာလို့ဆိုတော့ သူကို ဒူဘိုင်းက အေဂျင်စီရုံးမှာအလုပ်လုပ်နေတဲ့ သဘောမျိုးနဲ့ ထားသလိုပေါ့။ အဲဒါကြောင့် မ၇သေးတာ" ဟု ပြောသည်။
၎င်းအပြင်မဝင်းဝင်းလှိုင်သည် သူတို့ဘာသာစကားကို နားလည်ပြောတတ်သူတစ်ဦးဖြစ်သည့်
အဖမ်းခံထားရသည့် ပွဲစားမနှစ်ဦးကိုယ်စားလူရှာခိုင်းပြီး ပွဲစားလုပ်ခိုင်းနေကြောင်း သူမက မလုပ်နိုင်ကြောင်း ငြင်းဆို၍လုံပိတ်အခန်းထဲတွင် ပိတ်လှောင်ခံထား၇ကြောင်း ဆက်ပြောသည်။
သူတို့ ၄ ဦးကိုပွဲစားများက ယခုနှစ်၊ မေလ ရ ရက်တွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့တရားဝင်ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ဆက်လက်ပို့ဆော
လက်ရှိတွင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ပွဲစားများဖြင့် တရားဝင်လာခဲ့ပြီးနောက် ရောင်းစားခံထား၇သူ မြန်မာအမျိုးသမီးအယောက် ၈၀ ကျော်ခန့်ရှိကြောင်း အိုမန်နိုင်ငံရှိ မြန်မာနိုင်ငံပိုင် အေဂျင်စီတစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။
ယင်းထဲတွင်ရခိုင်အမျိုးသမီးငယ်များပါဝင်ပြီ
စစ်တပ်အာဏာသိမ်းထားသည့်မြန်မာနိုင်ငံအတွင်း အစိုးရအဆက်ဆက် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းအလွန့်အလွန်ရှားပါးမှုများကြော
ယင်းသို့သွားရောက်အလုပ်လုပ်ကို