တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မှာ အသတ်ခံရတဲ့ ဆရာမအမှု ULA/AA က စစ်ဆေးဖော်ထုတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်မှာ ဆရာမဒေါ်နှင်းယုနွယ်သတ်ဖြတ်ခံရသည့်အမှုကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA /AA)က ဖော်ထုတ် စစ်ဆေးနေပြီးတရားခံကို ယနေ့နံနက်ထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ိသားစုဝင်များက နိရဉ္စရာသတင်းဌာနကိုပြောသည်။

လက်ရှိမှာ ဆရာမ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အနီးအနား ကျေးရွာများက ကျေးရွာသားများနှင့် ပညာရေးဝန်ထမ်း တချို့ကိုလည်း ULA/AA စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြာင်း မယူကမ်း ကျွန်းပေါ် ပေါက်တောအုပ်ချုပ်‌ရေးမှူး ဦးမောင်ကျော်ရင်က ပြောသည်။

 

" အဲ့‌ဒီနေ့က ဖြစ်တာ ခုထိ ထူးခြားတာမျိုးမရှိသေးဘူး။တရားခံလည်းမပေါ်ပေါက်သေးဘူး။ခု ULA/AA ရဲအဖွဲ့က စုံစမ်း စစ်ဆေးနေတယ်။အနီးအနားကရွာတွေကိုလည်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်"  ဟု ပြောဆိုသည်။

 

အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြကျောင်းဆရာမ ဒေါ်နှင်းယုနွယ်သည် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက သူနေထိုင်ရာ မယူကမ်း ကျွန်းပေါ်ပေါက်တောကျေးရွာမှ  တာဝန်ကျနေသည့် ပန်းဖော်ပြင်ကျေးရွာ အလယ်တန်းကျောင်းသို့ စာပြသွားရာတွင် လမ်းတွင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဆရာမ၏ဝမ်းကွဲအစ်ကိုတော်စပ်သူ ကိုစိုးမင်းအောင်ကအမှုမှန်ပေါ်ပေါက်ဖို့။ တရားခံကို အမြန်ဖမ်းမိဖို့ တောင်းဆိုချင်တယ်။ အဓိကအဲ့ဒါပဲ။ ဒီလုပ်ရပ်ကလူမဆန်တဲ့လုပ်ရပ်။ နောက်ပြီး သေဆုံးသွားတဲ့သူက ပညာရေး ဝန်ထမ်းလည်း ဖြစ်တယ်။ကိုယ့်လူမျိုးတွက် ဘယ်ဘက်ကနေ ကြည့်ကြည့် လူမဆန်စွာသတ်ဖြတ်ခဲ့တဲ့ အယုတ်တမာကောင်တွေကို သက်ဆိုင်ရာ တာဝန်ရှိတဲ့လူက အမှုမှန်အမြန်ဖော်ထုတ်ပေးပြီး ဖမ်းဆီးပေးဖို့ တောင်းဆိုပါတယ်"ဟု ပြောသည်။

ဆရာမ ဒေါ်နှင်းယုနွယ်သည် သေဆုံးမှုနှင့် ပတ်သက်ပြီး ပညာရေးအသိုင်းအဝိုင်းနှင့် ရခိုင်ပြည်သူ လူထုတစ်ရပ်လုံးက ဝမ်းနည်း ကြွေကွဲရသည့် အပြင် စိုးရိမ်ထိတ်လန့်မှုနှင့် မလုံခြုံမှုကိုပါ ဖြစ်စေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာပညာရကွန်ရက်မှာ အတွင်းရေးမှူးဆရာမ ဒေါ်မာမာဝင်းက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"လုံးဝကိုမဖြစ်သင့်တဲ့ကိစ္စပါ။ လူမဆန်တဲ့ကိစ္စပါ။ လုံးဝကိုရက်စက်ကြမ်းတမ်းပြီး လူမဆန်တဲ့ လုပ်ရပ်ပါ  မိန်းကလေး တစ်ယောက်ကို မုဒိန်းကျင့်တောင်မက မသေမချင်း ကျောကုန်းတွေ လည်းပင်းတွေလှီးပြီးသတ်ခဲ့တာ အရမ်းရက်စက်တဲ့ လုပ်ရပ်ပါ။ အဲ့နေရာမှာ နောက်ဆို အမျိုးသမီးပညာရေးဝန်ထမ်းတွေ နေဝံ့တော့မှာမဟုတ်ဘူး။ဒီကိစ္စကိုလုံးဝရှုတ်ချပါတယ်" ဟုပြောသည်။

 

ယခုဖြစ်ရပ်သည် ရသေ့တောင်မြို့နယ် မေယူကမ်းဒေသတွင် ပထမဆုံးဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ဆိုးဖြစ်ပြီး ဒေသတစ်ခုလုံးမှ ပြည်သူများက တရားခံကို အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးရန် လိုလားနေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ