၇ခိုင်ပြည်နယ်တွင် စက်တင်ဘာလ (၁၈) ရက်အတွင်း ၅ နှစ်အရွယ်ကလေးငယ် ၂ ဦးအပါအဝင် ရ ဦး ရေနစ်သေဆုံးခဲ့ကြောင်းအရပ်ဘက်အဖွဲ့အစည်းများ၏စာရင်းများအရ သိ၇သည်။
ရေနစ်သေဆုံးသူများမှာ ၅နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် ယောကျာ်းလေးတစ်ဦး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား၂ ဦး၊ စုစုပေါင်း ၇ ဦးဖြစ်ပြီး စက်တင်ဘာလ ၅ ရက်မှ ၁၇ ရက်အတွင်း သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။
ယမန်နေ့ စက်တင်ဘာလ ၁ရရက်၊ နံနက်ကဆိုလျှင်ဘူးသီးတောင်မြို့နယ်၊ ဒိုးဝေရွာမှ ဒေါ်အေးစိန်ဖြူ(၅၀)နှစ်သည်ဟင်းခူးရန်သွားရာမှ ရေနစ်သေဆုံးသွားခဲ့သည်ဟု သိရသည်။
အိုးသည်မချောင်းကိုဖြတ်၍ချောင်းတစ်ဘက်ကမ်းသို့ ဟင်းခူးရန်သွားစဉ် ရေနစ်သေဆုံးသွားခဲ့ခြင်း ဖြစ်ကြေ
အလားတူ ယမန်နေ့တစ်ရက်တည်းတွင်ပင်ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း အသက် ၃၀ ခန့်အရွယ်အမျိုးသမီးတစ်ဦး၏အလောင်းကိုလည်း ကုလားတန်မြစ်အတွင်း တွေ့ရှိခဲ့သည်ဟုဒေသခံများက ပြောသည်။
အလောင်းမှာကုလားတန်မြစ်အတွင်းမျောလာကာ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ကျေးရွာအနီးမြစ်ကမ်းစပ်တွင် နေ့လယ်ပိုင်းအတွင်းတွေ့ရှိခဲ့ခြ
"သယ်ရ ကိုင်ရတာအခက်ခဲရှိတာရယ်၊ နောက်ပြီး ရုပ်ကိုတောင်မမှတ်မိနိုင်တော့ဘူ
အဆိုပါအလောင်းမှာ မည်သူမည်ဝါဆိုသည်ကိုမသိရသေးသောကြောင့် နီးစပ်ရာကျေးရွာများတွင် အမျိုးသမီးတစ်ဦးပျောက်ဆုံးနေမှု ရှိ/မရှိဆိုသည်ကိုလည်း စုံစမ်းလျက်ရှိသည်ဟုသိ၇သည်။
စက်တင်ဘာလ ၁၆ရက်ကလည်း မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်မှ ဦးအောင်လှစိန်နှင့်ဒေါ်မစိုးဝင်းတို့၏သမီး ၅ နှစ်အရွယ် မနီဝင်းစိုးသည် ရေနစ်သေဆုံးသွားခဲ့သည်ဟု သိ၇သည်။
သူမသည် ယင်းနေ့၊ ညနေ၄ နာရီခန့်တွင် အခြားကလေးငယ်များနှင့် ကစားနေခဲ့ရာမှ အိမ်ပြန်မရောက်၍ လိုက်ရှာရာရွာအနီးရှိ ချောင်ကမ်းစပ်တွင် ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့၇သည်ဟုဒေသခံတစ်ဦးက ပြောသည်။
အလားတူ စက်တင်ဘာလ ၁၄ ရက်ကလည်းမြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ် ဒုတိယဆုရှင် ကိုနေထိန်ဝင်း (၂၈)နှစ်သည်ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းကျေးရွာအနီးရှိ ချောင်းတွင် သူငယ်ချင်းများနှင့်အတူရေချိုးခဲ့စဉ် ရေနစ်သေဆုံးသွားခဲ့သည်။
ပညာရေးတက္ကသိုလ်(B.Ed)ကျောင်းဆင်းကျောင်းဆရာတစ်ဦးဖြစ်ပြီး ပညာရေးဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်အလုပ်ထွက်ကာ ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းကျေးရွာတွင် လူငယ်များကိုကွန်ပျူတာသင်တန်းပြသနေသူဖြစ်ကြေ
၂၀၁၁ ခုနှစ်ကမြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဒုတိယရရှိထားသူဖြစ်ပြီးပုဏ္ဏားကျွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာဇာတိဖြစ်သည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၅ ရက် တစ်နေ့တည်းတွင် မောင်တောမြို့နယ်၌ မွတ်ဆလင်သားမိနှစ်ဦးနှင့် မြေပုံမြို့နယ်၊ဝက်ခေါင်းကျေးရွာမှ လူငယ်တစ်ဦးတို့သည်လည်း ရေနစ်သေဆုံးသွားခဲ့သည်။
အလားတူ ရခိုင်တွင်ပြီးခဲ့သည့် ဇူလိုင်လနှင့်သြဂုတ်လတို့အတွင်းကလည်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃၀ ကျော်အထိ ရှိခဲ့သည်ဟုနိရဥ္စရာသတင်းဌာနက ကောက်ယူထားသည့်အချက်အလက်များအရ သိ၇သည်။ (NN-10)
ဓာတ်ပုံ -မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ် ဒုတိယဆုရှင် ကိုနေထိန်ဝင်း၏အသုဘအားတွေ့၇စဉ်။ (Photo – ဟိန်းထွန်း)