Preview

သံတွဲတွင် PDF ကို အကြောင်းပြကာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ရှာဖွေမှုပြုလုပ်

စက်တင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1746
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)အဖွဲ့ဝင်များကို အကြောင်းပြကာစစ်ကောင်စီတပ်ကအင်အားအများအပြားဖြင့်  လလက်နက်ကိုင်တပ်ဖွဲ့များကို ရှာဖွေမှု ပြုလုပ်နေသည်ဟု သိ၇သည်။

စက်တင်ဘာလ ၁၅ရက်၊ နံနက်ပိုင်းတွင် သံတွဲမြို့မှ စစ်အင်အား ၆၀ ခန့်ပါသည့် စစ်ကား(၃) စီးသည်သံတွဲမှ မိုင် ၃၀ ခန့်အကွာရှိ ပုရစ်နှင့် ရေကောက်ရွာဟောင်းရွာသို့ရောက်ရှိလာပြီးယင်းရွာများနှင့် အနီးဝန်းကျင်ရှိ တောထဲနေရာများတွင်လက်နက်အင်အားအပြည့်အစုံဖြင့် PDF များကိုရှာဖွေနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက"ရေအားလျှပ်စစ်စီမံကိန်းနားက ၅ မိုင်လမ်းကနေပြီးလာတာ။ သံတွဲကနေဆို မိုင် ၃၀လောက်ဝေးတဲ့တောထဲ၊ အရင် ပုရစ်၊ ရေကောက်ရွာဟောင်းမှာ စစ်ကား ၃ စီးနဲ့စစ်သား ၆၀ လောက် လက်နက်အင်အားအပြည့်နဲ့ ရောက်နေကြတာပါ။ သူတို့ကတော့ PDFရှာတယ်လို့ပြောတယ်။၁၅ ရက်နေ့ မနက်ပိုင်းကနေ တောထဲမှာ ကင်းပုန်းဝပ်နေတာ။ ဘာတွေ ကြံစည်နေလဲတော့ မသိဘူး"ဟု ပြောသည်။

ညအချိန်များတွင်လည်းတောတွင်းနေရာတစ်ဝိုက်ကို လှည့်ပတ်ကာ သွားလာရှာဖွေမှုများဆက်တိုက်လုပ်ဆောင်နေခဲ့သည်ဟု သိ၇သည်။


စစ်ကောင်စီအနေဖြင့်သံတွဲဘက်တွင် PDF ကိုအကြောင်းပြကာ ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သူများကိုရှာဖွေနေခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

ယင်းအပြင် ၇ခိုင်ပြည်နယ်မြောက်ပိုင်းရှိ  အုပ်ချုပ်ရေးယန္တရားအများအပြားမှာ တပ်တော် လက်ထဲကျရောက်သွားပြီဖြစ်သဖြင့် စစ်ကောင်စီကတောင်ပိုင်းဒေသများကို အုပ်ချုပ်ရေး လက်မလွတ်စေရေး လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟုလည်းသုံးသပ်နေကြသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ှည့်လည်သွားလာမှုများရှိနေသည့်အတွက်တောတောင်ကို မှီခိုကာလုပ်ကိုင်စားသောက်နေရသည့် တောင်ယာသမားများနှင့်မျှစ်ခူး၊ ဟင်းရှာသည့်ဒေသခံများ တောထဲသို့ မဝင်ရဲဘဲ အလုပ်အကိုင်များကိုရပ်နားထား၇သည်ဟုဒေသခံများက ဆိုသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက"တောထဲမှာ ပတ်ပြီးသွားနေတော့ ဟင်းရှာ၊ မျှစ်ခူးတဲ့လူတွေလည်း အခုတောထဲသွားလို့မရပါဘူး။ တောင်ယာသမားတွေ အလုပ်တွေကို ရပ်ထားကြ၇ပါတယ်။ ဘယ်လောက်ကြာအုံးမယ်ဆိုတာလဲမသိ၇ပါဘူး" ဟု  ပြောသည်။

သံတွဲမြို့ပေါ်နှင့်မြို့အဝင်အထွက်ဂိတ်များတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများကစစ်ဆေးမှုများတင်းကျပ်လျက်ရှိပြီးကားနှင့် ဆိုင်ကယ်များကိုလည်း ဖွင့်ကာစစ်ဆေးသည်ဟု သိ၇သည်။

သံတွဲမြို့နယ်အပါအဝင် ရခိုင်ရှိမြို့အချို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အမျိုးသမီးအချို့အပါအဝင်လူမှုရေးလှုပ်ရှားသူအချို့နှင့် ဒေသခံအချို့သည် PDF နှင့်ဆက်စပ်ပြီး PDF အားငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီ၏ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည်ဟုသိ၇သည်။

 

ဓာတ်ပုံ- ပုံဟောင်း

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.