Preview

စစ်တွေမှ ကျောင်းထိုင်ဆရာတော်တစ်ပါး ရ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

စက်တင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :3325
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ် တွင် သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော်တစ်ပါးသည် ရက်ကြာ အဆက်အသွယ်မ၇ဘဲ ရေလမ်းခရီးတွင် ပျောက်ဆုံးနေကြောင်းသတင်းရရှိသည်။

ပျောက်ဆုံးနေသောဆရာတော်မှာ စစ်တွေမြို့နယ်၊ ကသဲရပ်ကွက် စိန်မြောင်ဘုန်းတော်ကြီးကျောင်းမှကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာသီရိ (၄၄) နှစ်ဖြစ်သည်။

ဆရာတော်ဘဒ္ဒန္တပညာသီရိသည်ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်တွင် စတင်ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ပြီး ယနေ့ စက်တင်ဘာလ၁၈ ရက်အထိအဆက်အသွယ်မရသေးဟု စစ်တွေမြို့ရှိ ဓမ္မာရာမ ကျောင်းထိုင်ဆရာတော်ကနိရဥ္စရာကိုမိန့်သည်။

"ဆရာတော်ကကျောင်းထိုင်တာ သုံးလလောက်ပဲရှိသေးတယ်။ ပထမတော့ အာကျိတ်တော်ကုန်းကို သွားမယ်ဆိုပြီး ပြောခဲ့တယ်။ပြီးရင် အငူမော်ဘက်ကိုသွားမယ်ဆိုပြီးကြားတယ်။  အဲဒီနေ့ ကနေပျောက်သွားတယ်။မိသားစုတွေလည်း စိတ်ပူနေကြတယ်" ဟု မိန့်သည်။

ဆရာတော်ဘဒ္ဒန္တပညာသီရိသည် ယင်းနေ့တွင်စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းမှတဆင့် ရသေ့တောင်မြို့နယ်သို့အငူမော်ဆိပ်ကမ်းဘက်သို့ ရေလမ်းခရီးဖြင့် ကြွစဉ် ပျောက်ဆုံးသွားသည်ဟုဓမ္မာရာမကျောင်းထိုင်ဆရာတော်က မိန့်သည်။

"ဆရာတော်တို့စုံစမ်းတော့ စစ်တွေကနေသုံးဘီးနဲ့ ရေချမ်းပြင်သွားတယ်။ ရေချမ်းပြင်ကနေ ဘုတ်ကိုစင်းလုံးငှားပြီးရေလမ်းအလယ်လောက်မှာ စက်လှေငယ်တစ်စီးက ဆရာတော်ကို လာခေါ်သွားတယ်လို့ပြောတယ်။ဘယ်သွားမှန်းလည်း မသိဘူး" ဟု မိန့်သည်။


မည်သူတို့ကခေါ်ယူသွားသည်ဆိုသည်ကိုလည်း မသိရှိဟု ဆိုသည်။


ဆရာတော်ဘဒ္ဒန္တပညာသီရိ သွားလာတတ်သည့်နေရာနှင့်ဆရာတော်၏ဇာတိမွေးရပ်မြေသို့ ဆက်သွယ်စုံစမ်းသော်လည်း ယနေ့အချိန်ထိအဆက်အသွယ်မ၇ဘဲ ပျောက်ဆုံးနေဆဲဟု သိ၇သည်။


ဆရာတော်ဘဒ္ဒန္တပညာသီရိ၏ဇာတိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖလောင်းချိတ်မြို့ဖြစ်သည်ဟု သိ၇သည်။

 

ဓာတ်ပုံ- ပေးပို့

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.