Preview

ကလေးမှ ရန်ကုန်အပြန် မြန်မာ့လေကြောင်းလေယာဉ် ငှက်အုပ်နှင့်တိုက်မိ၍ ရန်ကုန်-အမ်း- စစ်တွေ ခရီးစဉ်ရွှေ့ဆိုင်းလိုက်ရ

စက်တင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :2166
ရခိုင် သတင်း

ကလေးမြို့မှ ရန်ကုန်သို့ ပျံသန်းလာသည့် မြန်မာ့လေကြောင်းလိုင်း လေယာဥ်သည် ငှက်အုပ်နှင့်တိုက်မိ၍ ယနေ့ ရန်ကုန်-အမ်း-စစ်တွေ ခရီးစဥ်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း သတင်းရရှိသည်။

Star Wave လေယာဉ် လက်မှတ်အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက "ကလေးမြို့ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ချိန်မှာ လေယာဉ်နဲ့ ငှက်နဲ့ တိုက်မိလို့ ရန်ကုန်-အမ်း-စစ်တွေ ခရီးစဥ်တစ်ခုလုံး ဖျက်လိုက်၇ပါတယ်။

ဒီနေ့ Cancel ဖြစ်တဲ့ လေယာဥ်က မနက်ဖြန် အစားထိုးပြေးဆွဲပေးမှာပါ" ဟု ပြောသည်။ ယနေ့ ခရီးစဥ်ပယ်ဖျက်လိုက်၇သည့်အတွက် မနက်ဖြန် စက်တင်ဘာ ၁၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် အစားထိုးပြေးဆွဲသွားမည်ဟု သိ၇သည်။

ခရီးစဉ်ရွှေ့ဆိုင်းခံလိုက်ရသည့်အတွက် အဆိုပါခရီးစဥ်တွင် စီးနင်းလိုက်ပါရန် လက်မှတ်ဝယ်ယူပြီး စောင့်ဆိုင်းနေသည့် ခရီးသည်များအတွက် အခက်အခဲများဖြင့် ကြုံခဲ့၇ကြောင်း ဆိုသည်။

ရခိုင်မှ လက်ရှိတွင် ပြည်ပသို့ အလုပ်အကိုင် လုပ်ကိုင်ရန် ထွက်ခွာနေသူများ နေ့စဉ် များပြားနေသလို ဒေသတည်ငြိမ်နေသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာသူများလည်း ရှိနေသဖြင့် ခရီးသွားများ နေ့စဉ်များပြားလျက် ရှိနေသည်ဟု သိ၇သည်။

ယနေ့ စစ်တွေမှနေ ပြန်လည်ထွက်ခွာ ပျံသန်းနေသော လေယာဉ်ခရီးစဉ်များမှာ စစ်တွေ-ရန်ကုန်၊ စစ်တွေ-မန္တလေး၊ စစ်တွေ-နေပြည်တော်၊ စစ်တွေ-သံတွဲ၊ စစ်တွေ-ကျောက်ဖြူနှင့် စစ်တွေ-မာန်အောင်ခရီးစဉ် တို့ဖြစ်ကြသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.