- Web Master
- ၀၁ ဒီဇင်ဘာ ၂၀၂၃
ရခိုင်ပြည်နယ်ရှိမြို့အချို့ရှိလူနေရပ်ကွက်များတွင်စစ်ကောင်စီတပ်သားများသည်ညဉ့်အချိန်ဝင်ရောက်သွားလာလှုပ်ရှားမှု
ယခုနောက်ပိုင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့ပေါ်တွင်
ညဉ့်အချိန် စစ်ကောင်စီ တပ်သားများသည် လက်နက် အပြည့်အစုံဖြင့် သွားလာလှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံများက နိရဥ္စရာသတင်းဌာနကို ပြောသည်။
ရသေ့တောင်မြို့တွင်ဆိုလျှင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ည ၈ နာရီမှစတင်ကာ စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်အချို့သည် မြို့တွင်းသွားလာလှုပ်ရှားနေခဲ့
"သူတို့က ည ၈ နာရီကျော်ရင် ထွက်ပါပြီ။ စစ်တပ်နဲ့ ရဲသုံးယောက်လေးယောက်လောက်ပါတယ်။ မြို့ပတ်လမ်း ကမ်းနားလမ်းတို့က ပတ်ပြီးသွားကြတယ်။ မိုခါမုန်တိုင်းကြောင့် ခံရတာမကြာသေးဘူး။ နောက် တိုက်ပွဲဖြစ်မယ်ဆိုပြီး ထိတ်လန့်မှုတွေရှိနေပါတယ်" ဟု ပြောသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့တွင်ဆိုလျှင်
"ကားနှစ်စီး၊ ဆိုင်ကယ် သုံးစီးလောက်နဲ့ ည ၈ ကျော်နာရီကျော်ဆို စပြီးထွက်ပါတယ်။ မြို့ကို လှည့်လည်ကြတယ်" ဟု ပြောသည်။
စစ်တွေမြို့တွင်ဆိုလျှင်လည်း ယခုနောက်ပိုင်း စစ်ကောင်စီတပ်သားများသည် နေ့အချိန်များ၌ လမ်းသွားလမ်းလာများကို ရပ်တန့်ပြီး ကားနှင့် ဆိုင်ကယ်ဘောက်များကို စစ်ဆေးခြင်းတို့ကို ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။
ယင်းအပြင် စစ်တွေတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဒေါ်စောမြရာဇာလင်း၏ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(
အလားတူ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ကျောက်ဖြူစသည့်မြို့နယ်များတွင်
ရသေ့တောင်၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့နယ်များတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက AA တပ်စခန်းများတည်ရှိရာနေရာများကို
ရခိုင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ အကြား ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ နှစ်ဘက် နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားသော်လည်း စစ်ကောင်စီတပ်၏ သွားလာလှုပ်ရှားမှုနှင့် ဖမ်းဆီးမှုများ တစ်နေ့ထက် တစ်နေ့ ပိုများပြားလာသည်ဟု သိရသည်။
ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံများကို စစ်ဆေးတင်းကျပ်မှုနှင့် ကုန်စည် စီးဆင်းမှုများကို ကန့်သတ်ပိတ်ပင်မှုတို့သည် အပစ်ရပ်သဘောတူညီများကို ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။