(ULA/AA မှ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေ)
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောရွာမှ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်ကိုသတ်ခဲ့သူအား ၆ရက်ကြာသည်အထိ မဖော်ထုတ်နိုင်သေးသော်လည်း ကျူးလွန်သူနှင့် ပတ်သက်ပြီး သဲလွန်စများရရှိထားပြီဟု သိ၇သည်။
ဆရာမသေဆုံးမှုနှင့်ပက်သက်ပြီးရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/
အသတ်ခံရသည့်ဆရာမ၏ဝမ်းကွဲအစ်ကိုတော်စပ်သူက "စစ်နေတုန်းပဲ ရှိသေးတယ်။မပြီးသေးဘူး။ကျွဲနွားကျောင်းတဲ့
အသက်၃၇ နှစ်အရွယ် ဆရာမ ဒေါ်နှင်းယုနွယ်သည်သူနေထိုင်ရာ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ စက်တင်ဘာလ ၁၆ ရက်၊နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ် ခံလိုက်ရခြင်း ဖြစ်ကြောင်းသိရသည်။
လည်ပင်းပြတ်ရှ ဓားဒဏ်ရာဖြင့်သေ
" အခုဆိုရက်ကလည်းကြာနေပြီ။ တရားခံအစစ်ကိုသေသေချာချာဖော်ထုတ်ပေး၇မယ်။ အစ်ကို့ညီမ ရက်ရက်စက်စက်အသတ်ခံရတယ်။တရားခံအစစ်ကိုပဲ လိုချင်တယ်" ဟု ဝမ်းကွဲအစ်ကိုကပြောသည်။
လက်ရှိတွင်လူသတ်မှု ကျူးလွန်သူကိုဖမ်းဆီးမိထားသော်လည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟုကောလာဟလသတင်းများလည်း ထွက်ပေါ်လျက်ရှိသည်
ဆရာမ၏ဝမ်းကွဲအစ်ကိုတော်စပ်သူက “ထွက်ပြေးသွားတယ်ဆိုပြီးသတင်းတွေတော့ ထွက်နေပါတယ်။ ကျွန်တော်တို့လည်း သွားမေးဖို့ လုပ်နေပါတယ်” ဟု ပြောသည်။
ကျူးလွန်သူ ထွက်ပြေးသွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရနိုင်သေးသဖြင့်နိရဉ္စရာသတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။
ကျူးလွန်သူများကိုအမြန်ဆုံးဖော်