Preview

ရမ်းဗြဲတွင် ကမ်းပြို၍ နေအိမ်ပျက်စီးသွားသည့် မိသားစုကို ကျပ်သိန်း ၁၅၀ တန် နေအိမ်တစ်လုံး ပြန်ဆောက်ပေးမည်ဟု ကျေးလက်ဦးစီးပြောသော်လည်း အိမ်ဆောက်ရန် မြေမရှိ၍ အခက်ကြုံ

စက်တင်ဘာ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :1554
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊သင်းပန်းချိန်ကျေးရွာတွင် မြစ်ကမ်းပါးပြို၍ နေအိမ်ပျက်စီးသွားသည့်မိသားစုအတွက် ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ အိမ်တစ်လုံး ဆောက်လုပ်ပေးမည်ဟုမြို့နယ်ကျေးလက်ဦးစီးကပြောသော်လည်းအိမ်ပိုင်ရှင်မှာ မြေနေရာမရှိ၍ အခက်ကြုံနေရသည်ဟုသိ၇သည်။

ယခုစက်တင်ဘာလ၁၄ ရက်က ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဦးအောင်ထွန်းသည်သင်းပန်းချိန်ကျေးရွာသို့လာရောက်၍ နေအိမ်ဆုံးရှုံးသွားသည့် မိသားစုအားကျပ်သိန်း ၁၅၀ တန်ဖိုးရှိနေအိမ်တစ်လုံးဆောက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်းသိ၇သည်။

သင်းပန်းချိန်ကျေးရွာသား ကိုမင်းစိုးထွေးက"စက်တင်ဘာလ ၁၄ ရက်က မြစိမ်းရောင်ရပ်ရွာငွေချေး၊ ငွေဆပ်ကိစ္စနဲ့ရောက်လာပြီးတော့ကျေးလက်ဦးစီး ဦးအောင်ထွန်းက အစည်းအဝေးမှာ ပြောခဲ့တာပါ" ဟုပြောသည်။

ကျေးလက်ဦးစီးကအိမ်တစ်လုံးပြန်ဆောက်ပေးမည်ဟုပြောဆိုသော်လည်း မြေနေရာအသစ်ကို အိမ်ပိုင်ရှင်ရှာဖွေဝယ်ယူရမည်ဖြစ်၍ အခက်အခဲဖြစ်နေကြောင်း သိ၇သည်။

ကိုမင်းစိုးထွေးက "ဒေါ်မလှဝင်းမှာကယောက်ကျားဖြစ်သူက အရင် ၂ နှစ်လောက်ကမှ ကင်ဆာဖြစ်ပြီး ဆုံးသွားတာပါ။လောလောဆယ် အိမ်ရာဝယ်ဖို့က ငွေကြေးအခက်ခဲရှိနေပါတယ်။ အိမ်ဆောက်ပေးမယ်လို့ပြောပေမယ့်လက်လုပ်လက်စားတွေဆိုတော့ မြေနေရာဝယ်ယူနိုင်ဖို့ဆိုတာကမလွယ်ဘူးလေ" ဟု ပြောသည်။

ပြီးခဲ့သည့်ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးပတ်က သင်းပန်းချိန်ကျေးရွာမှ ဒေါ်မလှဝင်း၏နေအိမ်မှာချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျကာ ပျက်စီးဆုံးရှုံးခဲ့ရပြီးနေစရာမရှိသည့်အတွက် ကျေးရွာမှအသိမိတ်ဆွေတစ်ဦး၏အိမ်မှာ ခိုလှုံနေထိုင်နေ၇သည်။


သင်းပန်းချိန်ကျေးရွာတွင်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးတဖြည်းဖြည်း ပြိုကျလာနေသည့် အတွက် ရွာတောင်ပိုင်းရှိ နေအိမ် ၁၀ကျော် ချောင်းရေနှင့်မျောပါသွားမည့်အနေအထားနှင့်ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။

ကျောက်နီမော်တိုက်နယ်၊တောကြားကျေးရွာအုပ်စုရှိ သင်းပန်းချိန်ကျေးရွာသည် အိမ်ခြေ ၁၈၀ ၊ လူဦးရေ ၁၀၀၀ကျော်နေထိုင်သည့်ကျေးရွာတစ်ရွာဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း၃၀ ခန့်ကပင် ချောင်းကမ်းပါးရေတိုက်စားမှုဒဏ်ကိုကြုံတွေ့လာ၇ပြီးဒေါ်မလှဝင်း၏နေအိမ်အပါအဝင် နေအိမ် ၆ လုံးထိ ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်းကျေးရွာသားများက ပြောသည်။

နေအိမ်ပြိုကျပျက်စီးမည့်အရေးကြုံတွေ့နေရသည့်အိမ်ထောင်စုများအနေဖြင့် အစိုးရက ကမ်းထိန်းနံရံတစ်ခု (သို့မဟုတ်)ဘေးအန္တရာယ်ကင်းသည့် မြေနေရာသစ်ပြောင်းရွေ့ဆောက်လုပ်နေထိုင်ခွင့်ရရန်လိုလားနေကြသည်။ (NN-23)

ဓာတ်ပုံ -ကမ်းပါးပြို၍ပျက်စီးသွားသည့် ဒေါ်လှဝင်း၏နေအိမ်အား တွေ့၇စဉ်/ ကိုမင်းစိုးထွေး

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.