၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်မှ ပလက်၀မြို့သို့ ဆန်နှင့်အိမ်ဆောက်ပစ္စည်းသယ်ယူ
ကျောက်တော်-ပလက်၀ကုလားတန်မြစ်အတွင်းပြေးဆွဲနေသည့်
"မျှောစာလုပ်ပီးမှတင်ရတယ်။ သူတို့ခွင့်ပြုချက်လုပ်ပီးမှတင်၇တယ်။ ထွေ/အုပ်မှာမျှောလုပ်ပြီး ၂၈၉ တပ်မမှာ တင်ရတယ်။ကိုယ်လိုရာ တင်မ၇ဘူး။ သူတို့ခွင့်ပြုချက်ပါမှ ဆန်တွေကို ပလက်၀ကိုသယ်ယူလို့ ၇တယ်"ဟု ပြောသည်။
စစ်ကောင်စီခွင့်ပြုချက်ပါမှပလက်၀သို့ သယ်ယူခွင့်ရသည့်ပစ္စည်းများမှာ ဆန်၊သံ၊ ဘိလပ်မြေတို့ဖြစ်ကြပြီး စစ်တပ်က ခွင့်ပြုချက်ရရန်မှာ တစ်ပတ် (သို့မဟုတ်)တစ်လကြားကြာတတ်သည်ဟုလည်း စက်လှေမောင်းသူများက ပြောသည်။
ယင်းအပြင်ပုဂ္ဂလိကစက်လှေများဖြင့် သယ်ဆောင်မည်ဆိုလျှင် ဆန်တစ်အိတ်ကို စစ်ကောင်စီတပ်က ကျပ်၃၀၀၀ အထိ ကောက်ခံနေသည်ဟုလည်း သိ၇သည်။
ကျောက်တော်-ပလက်၀ကို ပြေးဆွဲသည့်ရေနယားဇက်ရေယာဉ်သည်တစ်ပတ်ကို နှစ်ကြိမ်ပြေးဆွဲလျက်ရှိပြီး မိုးရာသီတွင်အမိုးအကာမလုံခြုံမှု၊ ခရီးသည်များနှင့် ပစ္စည်းများ ပြည့်ကျပ်စွာ တင်ဆော
"အမိုးအကာမလုံတော့ မိုးရာသီပိုင်းဆိုရင်လှေဦးဖျားကနေ ပဲ့အထိ မိုးစိုတယ်။ လူတွေကကျပ်၊ ပစ္စည်းတွေကကျပ်။လှေဦးဖက်မှာ လိုက်ရတဲ့အခါမျိုးရှိတယ်။ ဒုက္ခရောက်ပါတယ်"ဟုပြောသည်။
ကျောက်တော်မှပလက်၀ကိုသွားသည့်ရေလမ်းတွင် စစ်ကောင်စီတပ်ဂိတ်နှင့် ရက္ခိုင့်တပ်တော် (AA)ဂိတ်များလည်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်
အဆိုပါရေလမ်းကြောင်းကိုAA နှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ပြီးလုံခြုံရေးကို အကြောင်းပြကာ စစ်ကောင်စီက ဖွင့်ပေးလိုက်၊ ပြန်ပိတ်လိုက်ဖြင့်ပြုလုပ်ထားခဲ့ရာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြန်ဖွင့်ပေးခဲ့သည်။
သို့သော်လည်းပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်လာ၍ယင်းရေလမ်းကြောင်းလမ်းကို သြဂုတ်လတွင် ထပ်မံပိတ်ထားခဲ့ပြီးတိုက်ပွဲရပ်စဲပြီးနောက် ဒီဇင်ဘာလ ၃ ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟုသိ၇သည်။
ပြန်ဖွင့်ပေးခဲ့သည့်အချိန်မှ